ခမ်းသားငေါဝ်း

ဇွန် ၁၂၊ ၂၀၂၅

https://www.facebook.com/share/p/16fNaKdNbk/

နိုင်ငံတစ်ဝှမ်းတွင် ၂၀၂၅ ခုနှစ် မေလအတွင်း စစ်သား၊ရဲ၊ပြည်သူ့စစ်မှုထမ်းတပ်သားအသစ်များ အလင်းဝင်လာသူ ၇၁ ဦးရှိပြီး စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံရသူ ၈၀ ဦးရှိကြောင်း ပြည်သူ့ပန်းတိုင်မှထုတ်ပြန်ထားသည်။

အလင်းဝင်ရောက်လာသူများမှာ စစ်သား ၆၆ ဦး၊ ရဲ ၁ ဦး နှင့်၊ ပြည်သူ့စစ် ၄ ဦးဖြစ်ကာ စစ်သား ၆၆ ဦးအနက် ၄၂ ဦးမှာ စစ်မှုထမ်းတပ်သားသစ်များဖြစ်ကြောင်းဖော်ပြထားသည်။

ပြည်နယ်အလိုက် အလင်းဝင်လာသူ စစ်သား အရေအတွက်များမှာ စစ်ကိုင်းတိုင်းတွင် ၅ ဦး၊ ပဲခူးတိုင်းတွင် ၅ ဦး၊ တနင်္သါရီတိုင်းတွင် ၁၈ ဦး၊ မွန်ပြည်နယ် ၂ ဦး၊ ချင်းပြည်နယ်တွင် ၈ ဦး၊ ကရင်ပြည်နယ်တွင် ၅ ဦး၊ မန္တလေးတွင် ၃ ဦး၊ မကွေးတိုင်းတွင် ၃ ဦး၊ ရှမ်းပြည်နယ်တွင် ၁၇ ဦး ရှိပြီး ချင်းပြည်နယ်မှ ရဲ ၁ ဦး၊ မကွေးတိုင်း မှ ပြည်သူ့စစ် ၃ ဦးနှင့် စစ်ကိုင်းတိုင်း မှ ၁ ဦးဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိသူ စုစုပေါင်း ၈၀ ဦးရှိပြီး စစ်သား ၆၅ ဦး၊ ရဲ ၆ ဦး နှင့် ပြည်သူ့စစ် ၉ ဦးတို့ဖြစ်ကြောင်းသိရသည်။

ပြည်သူ့မှတ်တမ်းမှကောက်ထားသောမှတ်တမ်းများအရ ၂၀၂၅ ခုနှစ်ဇန်နဝါရီလ မှ မေလအထိ စစ်ကောင်စီဖက်မှ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း ၁၂၂၂ ဦးရှိကြောင်းထုတ်ပြန်ထားသည်။

PPV 003
ပုံ-အွန်လိုင်း
#စစ်ရေး
#နိုင်ငံတစ်ဝှမ်း
#စစ်သား
#ရဲ
#ပြည်သူ့စစ်မှုထမ်းတပ်သားအသစ်များ
#အလင်းဝင်လာ
#စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံရသူ
#ပြည်သူ့ပန်းတိုင်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7