ခမ်းသားငေါဝ်း
ဇွန်လ ၈၊၂၀၂၅
https://www.facebook.com/share/p/1CAAqWM58C/
မိုင်းပျဥ်းမြို့နယ်၌ရိုးရာနတ်စားကိုးကွယ်သည့် တောင်ပေါ် တိုင်းရင်းသား(၅၀၀) ကျော် ဗုဒ္ဓဘာသာအဆုံးအမခံယူခဲ့ယူပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဥ်းမြိုနယ်၊ လွယ်လုံးကျေးရွာအုပ်စုနှင့် တာကော်ကျေးရွာအုပ်စုတို့ ရှိ ကျေးရွာပေါင်း(၂၂)ရွာမှ တိုင်းရင်းသား(၅၀၀)ကျော် သည် ဇွန်လ ၃ ရက်နံနက်ပိုင်းက သုဝဏ္ဏသျှံတောင်ခြေ တာကော်၊ ဟွေဟင် (၇)မိုင် သီရိမင်္ဂလာကျောင်းတိုက်၌ ဗုဒ္ဓအဆုံးအမခံယူပွဲ ကျင်းပခဲ့ကြောင်း ဒေသခံထံမှ သိရသည်။
“သူတို့အရပ်ဒေသမှာလူသူအရောက်အပေါက်နည်းတယ်၊သူတို့ရိုးရာကိုးကွယ်မှုရှေ့ရိုးပေါ့ နတ်စားဆိုပြီးသူတို့မိဘမျိုးအစဥ်လ ကိုးကွယ်နေကြတယ် သူတို့ဆန္ဒရှိခဲ့လို့ ခုလိုဗုဒ္ဓအဆုံးအမခံယူနိုင်တာ”ဟု အလှူရှင် ဦးဘိုလေးကပြောသည်။
ဗုဒ္ဓဘာသာအဆုံးအမခံယူသည့် တိုင်းရင်းသား မိသားစုဝင်များကို ဘုရားဆင်းတုတော်၊ ဆန်နှင့် အလှူငွေများ၊ 6000 w sola ၂၄ စုံ၊ စတုပစ္စယာနုဂ္ဂဟပစ္စည်းလေးပါးထောက်ပံ့လှူဒါန်းခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
လွယ်လုံးနှင့် တာကော်ကျေးရွာအုပ်စုတွင်ပါဝင်သော ကျေးရွာ(၂၂)ရွာမှ ရှမ်း၊ လားဟူ၊ လီဆူ၊တအာင်း ပလောင် စသော တိုင်းရင်းသား(၅၀၀)ကျော်မှ ဗုဒ္ဓအဆုံးအမခံယူခဲ့ကြခြင်းဖြစ်ပြီး (၂၄၇)ဦးမှာ ရဟန်းခံရှင်ပြုခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ထိုပွဲတွင် အလှူရှင်များ၊ မိသားစုဝင်များ၊ ဗုဒ္ဓအဆုံးအမ ခံယူသူများ ၊ ရဟန်းလောင်း ရှင်လောင်းများ နှင့် ဒေသခံ တိုင်းရင်းသားတို့သည် ရှင်လောင်း လှည့်လည်ကြကာ သု၀ဏ္ဏသျှံ သာသနာပြု ဌာန ဆရာတော် သဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တဝိစက္ခဏ (စံပြဆရာတော်) ထံတွင် ရဟန်းခံ ရှင်ပြု၍ သိမ်ဝင်ပြီး အလှူရှင်များက ဆရာတော် သံဃာတော်များအား အလှူငွေ ၀တ္ထုများ သိမ်ဆင်း လောင်းလှူခဲ့ကြကြောင်း သိရသည်။
#PPV-006
#ဘာသာရေး
#မိုင်းပျင်း
#ရှမ်းရှေ့
#တာကော်
#ဗုဒ္ဓအဆုံးအမခံယူ
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295