ခမ်းသားငေါဝ်း

ဇွန် ၈၊ ၂၀၂၅

https://www.facebook.com/share/p/18UCejDgio/

ပင်လောင်းမြို့တွင် စစ်ကောင်စီ ဖမ်းမိထားသော ဆိုင်ကယ်များကို သိန်း ၂၀ ဖြင့်ပြန်ရွေးခိုင်းကြောင်း မြို့ခံများထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့တွင် ဇွန်လ ၁ ရက်နေ့မှစပြီး စစ်ကောင်စီက လိုင်စင်မဲ့ဆိုင်ကယ် ၊ကားများကိုဖမ်းဆီးနေပြီး ဖမ်းမိထာသော ဆိုင်ကယ်များကို ငွေသိန်း၂၀ ဖြင့်ပြန်ရွေးခိုင်းစေခဲ့ကြောင်းသိရသည်။

“ဆိုင်ကယ်အကောင်းဘဲဖမ်းတာ ကလစ်ဘီးတွေ ထိုင်းဘီးတွေဘဲဖမ်းတယ်။ ပြီးမှ ပိုက်ဆံနဲ့ပြန်ရွေးခိုင်းတာ စင်းတောင်းက တောင်လေးဖက်ကရွာတွေပင်လောင်းသွားပြီး ဆိုင်ကယ်သိမ်းခံရတာ သိန်း၂၀ နဲ့ပြန်ရွေးရတယ်။”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီသည် ရင်းမှီးဂိတ်နှင့် ပင်လောင်းမြို့မစျေး အနောက်ဖက် တို့တွင်အဓိက ဖမ်းကြပြီး နေ့စဉ် ဖမ်းဆီးကြောင်းသိရသည်။

စစ်ကောင်စီက ယခုလိုဖမ်းစီးခြင်းကြောင်း အရမ်းစည်သော ပင်လောင်းစျေးနေ့တွင်ပင် စျေးလာသူ မရှိတော့သည့်အထိ ဖြစ်ခဲ့ရကြောင်း မြို့ခံများကပြောသည်။

#PPV005
ပုံ-အွန်
#လူ့အခွင့်အရေး
#ပင်လောင်းမြို့
#လိုင်စင်မဲ့ဆိုင်ကယ်
#ကားများကိုဖမ်းဆီးနေ
#ငွေဖြင့်ပြန်ရွေးခိုင်း

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7