ခမ်းသားငေါဝ်း
ဇွန်လ ၇၊ ၂၀၂၅
https://www.facebook.com/share/p/19Ytj5xSfh/
စစ်ကောင်စီ၏ လိုင်စင်မဲ့ကား၊ဆိုင်ကယ် ဖမ်းဆီးသိမ်းဆည်းမှု စီမံချက်ဖြင့် ဖမ်းဆီးနေရာ ယနေ့ဇွန်လ(၇) ရက်တွင် တောင်ကြီးမြို့အနီးအနားရှိ ရွာထဲအထိ လိုက်လံရှာဖွေဖမ်းဆီးနေကြောင်း သိရသည်။
တောင်ကြီးမြို့နယ် ဖာမွန်းရွာထဲထိ စစ်ကောင်စီ ၏ မော်တော်ပီကယ်တို့မှ ယနေ့ နေ့လည်(၁)နာရီကျော် အချိန်က ရွာထဲထိ လိုက်လံရှာဖွေဖမ်းဆီးနေပြီး ရွာသားများ တစ်ရွာလုံး မိမိ၏ ကား၊ ဆိုင်ကယ် ကိုမောင်းပြေးကြရကြောင်း ဒေသခံထံမှ သိရသည်။
“ဒီနေ့ ဖာမွန်း ညိုမီးတို့ဖက် အိမ်အထိ လိုက်လံဖမ်းဆီးတော့ တရွာလုံးကားတွေ၊ ဆိုင်ကယ်တွေ မောင်းပြီး ရှောင်ကြရတယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ယခုအချိန်ထိ ရွာထဲမှာ လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်ပါ ဖမ်းဆီးသိမ်းဆည်းနေပြီး အရေအတွက် မည်မျှ ဖမ်းဆီးမိသည်ကို မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။
ဇွန်လ(၇)ရက်တွင် တောင်ကြီးမြို့ပေါ် ဗိုလ်ချုပ်ပန်းခြံကလေးဆေးရုံထောင့်၊ မြို့မဈေးအနီးတဝိုက်နှင့် တောင်ကြီးတက္ကသိုလ် ဧရာဝတီ လက်ဖက်ရည်ဆိုင်နားတို့မှာ လှည့်လည် ဖမ်းဆီးနေကြောင်း သိရသည်။
စစ်ကောင်စီသည် လိုင်စင်မဲ့ယာဉ် ဖမ်းဆီးသိမ်းဆည်းခြင်း စီမံချက်ကို ဇွန်လ(၁)ရက်နေ့မှ စပြီး ဖမ်းဆီးသိမ်းဆည်းနေကာ ယနေ့ချိန်ထိ ဖမ်းဆီးထားသော ယာဉ်များကို ပြန်လည် ရွေးယူ၍ မရသေးကြောင်း သိရသည်။
လိုင်စင်မဲ့ ယာဉ် ဖမ်းဆီးခြင်းကြောင့် ဒေသခံများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဌတွေမှာ ထိခိုက် နစ်နာမှုရှိနေကြောင်း သိရသည်။
photo credit
#PPV0011
#Humanright
#လိုင်စင်မဲ့ယာဥ်
#ရွာထိဖမ်းဆီး
#တောင်ကြီး
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295