ခမ်းသားငေါဝ်း

ဇွန် ၄၊ ၂၀၂၅

https://www.facebook.com/share/p/1K6q7vSgMd/

ကရင်နီပြည်နယ်တွင် ဖမ်းဆီးရမိသော မူးဆစ်ဆေးဝါး (WY) ဆေးပြားအလုံး ၁၀၀၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဒီမောဆို DMO Local PDF က ဇွန်လ ၄ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

စစ်အာဏာရှင်အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ကုန်သည်များမှ မသမာသူဒေသခံတချို့နှင့်ပူးပေါင်းပြီး ဒေသအတွင်းသို့မူးယစ်ဆေးဝါးများ တင်သွင်းရောင်းဝယ်ကြပြီးအဆိုပါမူးယစ်ဆေးဝါးများကို လူငယ်အများအပြားးသုံးစွဲပြီးခိုးမှု၊ လုယက်မှု ၊ ဖောက်ထွင်းမှုများစွာဖြစ်ပေါ်ခဲ့ရကြောင်း ဆိုသည်။

ထို့အတူ မူးယစ်ဆေးပြားများ နှင့်အတူ ဖမ်းဆီးရမိသောတရားခံများကို အရေးယူဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဝါးများတွေ့ရှိမှု၊ တိုင်တန်းမှုများရှိလာပါက ဆက်လက်အရေးယူမည်ဖြစ်ပြီး ပြည်သူများမှ လာရောက်ပူးပေါင်းတိုင်ကြားနိုင်ကြောင်း DMO local PDF က အသိပေးထားသည်။

အဆိုပါမူးယစ်ဆေးဝါးများကို DMO local PDF နှင့် KNPLF (ကလလတ) တပ်ဖွဲ့တို့မှ ရပ်မိရပ်ဖ များနှင့်အတူ ပူးပေါင်းဖမ်းဆီးရမိခြင်းဖြစ်ပြီး မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားတွင်လည်း ဒေသခံရပ်မိရပ်ဖ နှင့် လူငယ်များ ၄၂ ဦးပါဝင်တက်ရောက်ခဲ့ကြောင်းထုတ်ပြန်ထားသည်။

PPV 003
ပုံ- DMO local PDF
#မှုခင်း
#ကရင်နီပြည်နယ်
#ဖမ်းဆီးရမိသော
#မူးဆစ်ဆေးဝါး
#WYဆေးပြား
#မီးရှို့ဖျက်ဆီး
#ပြည်သူ့ကာကွယ်ရေးတပ်ဒီမောဆို
#DMO Local PDF
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7