ခမ်းသားငေါဝ်း
ဇွန်လ ၄၊ ၂၀၂၅

https://www.facebook.com/share/p/1FuUJJ4Hcv/

၂၀၂၅ ခုနှစ် ပညာသင်နှစ် ကျောင်းဖွင့်ချိန်တွင် ပညာရေး စရိတ် မြင့်တက်လာသလို ကျောင်းသားများ အတွက် ကျူရှင်လခ ပိုမို စျေးတက်လာနေကြောင်းကျောင်းသားမိဘထံ သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်းတွင် ယခုနှစ် ကျူရှင်လခ တစ်လကို အတန်းငယ် ဘာသာစုံ လေးသောင်းအထက် ၊ အလယ်တန်း ဘာသာစုံ ရှစ်သောင်းအထက် နှင့် အထက်တန်း ဘာသာစုံ တစ်သိန်းကျော် အထိ စျေးနှုန်း ရှိနေကြောင်း ကြား သိရသည်။

“အခု အငယ်တန်းတောင် လေးသောင်း ငါးသောင်း မရတော့ဘူး။ အရင်နှစ်ကထက် စာရင် အများကြီး တက် သွားပြီ။ အကြီးတန်း ဆိုရင် တစ်သိန်းကျော် တယ်။ တချို့ ဆိုရင် တစ်သိန်းခွဲ အထိ ပေါက်စျေး ရှိတယ်။”ဟု ကျောင်းသား မိဘ တစ်ဦးက ဆိုသည်။

နေရာဒေသအလိုက် ထင်ပေါ်ကျော်ကြားမှု၊ နာမည်ကြီးခြင်း ကွာခြားချက် အလိုက် စျေးနှုန်း ကွာခြားချက် ရှိကြောင်း သိရသည်။

တချို့ ကျူရှင်များသည် အငယ်တန်း ဘာသာစုံ တစ်သိန်းခွဲ အထိပင် ပေါက်စျေးရှိနေကြောင်း ၊ အွန်လိုင်း ပေါ် သင်ကြားရေး စနစ် ရှိသလို နေအိမ်အထိ လိုက်လံ သင်ကြားပေးသူ များလည်း ရှိပြီး စျေးနှုန်း ကွာခြားချက် ရှိနေကြောင်း သိရသည်။

လက်ရှိ ဝန်ထမ်းလစာ နှင့် တွက်လျှင် အခြေခံလူတန်းစားများ အတွက် လူတစ်ယောက် လုပ်အားခ ဝင်ငွေသည် တစ်လတာ စားစရိတ်ကိုပင် အနိုင်နိုင် ရုန်းကန်နေရခြင်း ရှိကြောင်း ၊ သားသမီး ကျူရှင်လခ မတတ်နိုင်သူ အများအပြား ရှိကြောင်းကိုလည်း သိရသည်။

ပညာရေး ဝန်ထမ်း တစ်ဦးက လည်း”ကျောင်းက ဆရာမတွေ သင်တဲ့ ကျူရှင်က မေးခွန်းပေးပြီး သင်လိုက်တာ၊ ကလေးတွေ က တကယ် စာမရဘူး။ ဒါကျက် ဒါပဲဖြေ ဆိုတဲ့စနစ်နဲ့ သွားနေတာ၊ အတန်းကြီးရင် ထိ ရောပဲ၊ ပြင်ပ ကျူရှင်မှာတော့ အဲလိုမဟုတ်ဘူး၊ အကုန်လုံး ကြေညက်အောင် သင်ပေးလိုက်တာ ၊ ကလေးက စာလိုက်နိုင်သွားတာ တစ်ခုပဲပေါ့။ ဒါပေမယ့် ကြက်တူရွေး နှုတ်တိုက် သင်ပေးတဲ့ ပညာရေး စနစ် တစ်ခုလုံး မှားနေတာ ပါ။”ဟု ဆိုသည်။

၂၀၂၅ ခုနှစ် ပညာရေး စာသင်နှစ်တွင် အစိုးရကျောင်း အပ်နှံသူပိုမို များပြားလာနေကြောင်း ကြား သိရသည်။

#PPV-006
#ပညာရေး
#ကျူရှင်
#ကျောင်းစနစ်
#ရှမ်းတောင်

photo credit

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။