ခမ်းသားငေါဝ်း

ဇွန် ၄၊ ၂၀၂၅

https://www.facebook.com/share/p/16QnWBL4SD/

စစ်ကောင်စီနှင့် PNO တို့စစ်ကြောင်းထိုးလာသောကြောင့် ညောင်ရွှေမြို့နယ်၊ စံကားဒေသအတွင်းရှိ ကျေးရွာများ ရွာလုံးကျွတ်စစ်ဘေးရှောင်နေရကြောင်း ဒေသခံထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွေမြို့နယ်၊ စံကားဒေသ ကျေးရွာတစ်ကြောကို စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်တို့က အင်အားအလုံးအရင်းဖြင့်စစ်ကြောင်းထိုးလာနေကာ ကျေးရွာတွင်းနေအိမ်များ မီးရှို့ဖျက်ဆီးနေပြီး၊ လက်နက်ကြီးများ ပစ်ခတ်နေသောကြောင့် တောင်ပို့ကွဲကျေးရွာနှင့် ဟိုပန်ကျေးရွာမှ ဒေသခံများ ရွာလုံးကျွတ်စစ်ရှောင်နေရသည်။

” ဘုရားတောင်နဲ့ ရေပူဖက်ကို စစ်ကောင်စီနဲ့ PNO တွေဝင်နေပြီ၊ အဲ့မှာအိမ်တွေလည်း သူတို့မီးရှို့သွားတယ်၊ ပြီးခဲ့တဲ့ရက်ကလည်း အဲ့မှာတိုက်ပွဲဖြစ်သေးတယ်၊ အခုလည်း သူတို့ဆက်ပြီးစစ်ကြောင်းထိုးလာတော့ ရွာသားတွေစစ်ရှောင်ကုန်ကြပြီ” ဟု ဒေသခံက ခမ်းသာငေါဝ်းကိုပြောသည်။

ဘုရားတောင်နှင့် ထီခိုး(ရေပူ) ကျေးရွာများတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့ဝင်ရောက်နေပြီး နေအိမ် ၄၀ ကျော်မီးလောင်ပျက်စီးသွားကြောင်းသိရသည်။

စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တို့သည် ဇွန်လ ၂ ရက်နေ့တွင် အင်အား ၁၀၀၀ ခန့်ဖြင့် ညောင်ရွေမြို့နယ် စံကားဒေသတစ်ကြောကို စစ်ကြောင်းထိုးလာကာ တော်လှန်ရေးတပ်ဖွဲ့များ နှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အင်အားမမျှသောကြောင့်တော်လှန်ရေးဖက်မှ ပြန်လည်ဆုတ်ခွာသွားခဲ့ရကြောင်း သိရသည်။

PPV 003
ပုံ-Crd
#စစ်ရေး
#လူ့အခွင့်အရေး
#ညောင်ရွေမြို့နယ်
#စံကားဒေသ
#စစ်ကြောင်းထိုးလာနေ
#ကျေးရွာတွင်းနေအိမ်များမီးရှို့ဖျက်ဆီး
#လက်နက်ကြီးများပစ်ခတ်နေ
#တောင်ပို့ကွဲကျေးရွာ
#ဟိုပန်ကျေးရွာ
#ရွာလုံးကျွတ်စစ်ရှောင်နေရ

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7