ခမ်းသားငေါဝ်း
ဇွန် ၃၊ ၂၀၂၅
https://www.facebook.com/share/p/18qRsYCUqU/
လားရှိုးမြို့နယ်ရှိ ဟန်နားကျေးရွာအုပ်စုအနီး နားလိုင်ရွာအထွက်တွင် SSPP/SSA နှင့် MNDAA/MNDJP တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံထံမှ သိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ် နားလိုင်ရွာအထွက်၌ ဇွန်လ(၁)ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး MNDAAတပ်သား သေဆုံးမှုရှိကြောင်း သိရသည်။
“အရင်ကတည်းက ရှမ်းတပ်ဖက်က တိုက်ပွဲဖြစ်လာနိုင်လို့ ကြိုတင်သတိထားဖို့ ပြောခဲ့တာရှိတယ်။ ဟိုနေ့က ဖြစ်တော့ ကိုးကန့်ဖက်က သေတာများတယ်ကြားတယ်။ အနီးအနားက ရွာတွေရှိ ဒေသခံတွေတော့ နီးစပ်ရာ စစ်ရှောင်နေကြရတယ်။ ခုထိ စစ်ရေးတင်းမာနေကြတယ် ကြားတယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ထို့အပြင် ဇွန်လ(၁)ရက်နေ့ မွန်းလွဲပိုင်းက နားလိုင်ကျေးရွာ အနောက်ဖက် SSPP/SSAမှ စစ်ကြောင်း ထွက်နေချိန် ကိုးကန့်တပ်ဖွဲ့ MNDAA တပ်မ (၆၁၁)လက်အောက်ခံက ခြုံခိုဝင်ရောက်တိုက်ခိုက်သောကြောင့် အပြန်အလှန် တိုက်ပွဲဖြစ်ကာ ကိုးကန့်တပ်မှ (၈)ဦးကျဆုံးပြီး ဒဏ်ရာရရှိသူ ရှိကြောင်း SSPP/SSAမှ ဇွန်လ(၁)ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် (၂၉)ရက်မှာလည်း သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်းရှိ SSPP/SSA တပ်စခန်းကို ဖယ်ရှားရန် MNDAA ဖက်မှ ဝင်ရောက်မောင်းထုတ်သောကြောင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
PPV0011
ပုံ၇-အွန်လိုင်း
#စစ်ရေး
#လားရှိုးမြို့နယ်
#ဟန်နားကျေးရွာအုပ်စု
#နားလိုင်ရွာ
#SSPP/SSA
#MNDAA/MNDJP
#တိုက်ပွဲဖြစ်ပွားခဲ့
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7