ခမ်းသားငေါဝ်း
ဇွန် ၂၊ ၂၀၂၅
https://www.facebook.com/share/p/16SnLZFms1/
ပင်လုံမြို့လယ်ကန်မှာ ရှိသည့် ငါးအစုလိုက်အပြုံလိုက် သေကုန်ပြီး အကြောင်းရင်း မသိရသေးကြောင်း ဒေသခံထံက သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့ မြို့လယ်ခေါင် ညဈေးဘေးတွင် ရှိသည့် ကန်ထဲရှိငါးများ ယနေ့ဇွန်လ(၂)ရက် နံနက်ပိုင်းက အစုအလိုက်အပြုံလိုက် သေကုန်သည်ကို တွေ့ရကြောင်း သိရသည်။
“ရေမသန့်တာကြောင့်လား။ ဆေးခပ်တဲ့သူကြောင့်လား ဘာကြောင့် အဲ့လိုသေကုန်တာလဲ ဆိုတာ မသိရသေးဘူး။ အများကြီးပဲ။ ဆည်ယူနေကြတယ်။ ကြည့်ရတာ အကုန်သေကုန်တာဖြစ်မယ်။အဲ့ဒီကန်ဘေးမှာက ညညဆို ဒေသခံတွေ အပန်းဖြေ အနားယူတဲ့နေရာပါ”ဟု ဒေသခံက ပြောသည်။
သေဆုံးနေသည့် ငါးများ အနံ့မထွက်ခင် ဆည်ယူနေပြီး ငါးများသေဆုံးရသည့် အကြောင်းရင်းကို မသိရသေးကြောင်း ဒေသခံထံမှ သိရသည်။
PPV0011
ပုံ-အွန်လိုင်း
#သဘာဝပတ်ဝန်းကျင်
#ပင်လုံမြို့
#မြို့လယ်ကောင်ညဈေးဘေး
#ကန်ထဲရှိငါးများ
#အစုအလိုက်အပြုံလိုက်သေကုန်သည်ကိုတွေ့ရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7