ခမ်းသားငေါဝ်း
ဇွန် ၁၊ ၂၀၂၅
https://www.facebook.com/share/p/16ZuDxB4Tj/
စစ်ကောင်စီသည် လိုင်စင်မဲ့ယာဥ်များကို ထိထိရောက်ရောက် ဖမ်းဆီး အရေးယူရန် နေပြည်တော်အစည်းအဝေးတွင် မှတ်ချက်ပေး ပြောဆိုပြီးနောက် တောင်ကြီးမြို့တွင် စီမံချက်ဖြင့် မြို့အနှံ့ လိုက်လံ ဖမ်းဆီးရာ နှစ်ရက်အတွင်း လိုင်စင်မဲ့ယာဉ် ၂၀၀ ကျော် ဖမ်းဆီးရမိကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်၌ စစ်ကောင်စီ၏ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရေးစီမံကိန်းကြောင့် မေလ (၃၀)ရက်နေ့တွင် တောင်ကြီးမြို့ ရှိ ကိုးမြို့ရှင်နတ်နန်း အနီး မီးပွိုင့်တွင်လည်းကောင်း၊ မေလ (၃၁)ရက်နေ့တွင် မြင်းရုပ် မိီးပွိုင့်တွင် အဓိကထား ဖမ်းဆီးခဲ့ရာ လိုင်စင်မဲ့ယာဉ် (၂၀၀)ကျော်ဖမ်းဆီးမိကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့်နီးစပ်သူထံမှသိရသည်။
“ ကားအရေအတွက်ကတော့ အစီးရေ ၆၄ စီး၊ ဆိုင်ကယ်ကတော့ ၁၅၈ စီး နှစ်ရက်အတွင်း ဖမ်းဆီးရမိတယ်၊ ပြန်မရွေးထုတ်ရင် ပိုင်ရာဆိုင်ရာနဲ့ မလိုက်ရင် အပြီးသိမ်းမှာပါ၊ ဖမ်းခံရတဲ့နေရာမှာ ညှိလို့မရဘူးဆိုပေမယ့်သက်ဆိုင်ရာ နယ်မြေယာဉ်ထိန်းရုံးမှာ လိုက်လံလူကြီးတွေနဲ့ ရွေးလို့ရပါတယ်”ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးမှပြောသည်။
ထို့ပြင် ဖမ်းဆီရမိသည် ဆိုင်ကယ် အများစုသည် မော်ဒယ်မြင့် ဆိုင်ကယ်အများစုများဖြစ်ပြီး ဆိုင်ကယ်အကောင်းကို အဓိကထားဖမ်းနေကြောင်း သိရသည်။
တောင်ကြီး မြို့နယ် လိုင်စင်မဲ့ယာဉ် ကား၊ဆိုင်ကယ် များ ဖမ်းဆီးရန်အတွက် စီမံချက်သည် ဇွန်လ (၁) ရက်နေ့ ဆိုသော်လည်း မေ(၃၀)ရက်နေ့မှစ၍ လိုင်စင်မဲ့ယာဉ်များကို တောင်ကြီးမြို့ပေါ်အနှံ့လိုက်လံဖမ်းဆီးခဲ့ကြောင်းသိရပါသည်။
PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#တောင်ကြီးမြို့
#လိုင်စင်မဲ့ယာဉ်
#ဖမ်းဆီးရေးစီမံကိန်း
#ကိုးမြို့ရှင်နတ်နန်း
#မြင်းရုပ်မိီးပွိုင့်
#ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့်နီးစပ်သူ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7