ခမ်းသားငေါဝ်း
မေလ ၂၇၊ ၂၀၂၅
https://www.facebook.com/share/p/1Cu9PxzEs8/
အင်အားပြင်း ငလျင်လှုပ်ခတ်ခြင်းကြောင့် ရှမ်းပြည်နယ်တွင် ဟိုတယ်နှင့် တည်းခိုရိပ်သာ ၄၄ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ ပြည်နယ်အစိုးရ အဖွဲ့ဝင် စီးပွားရေး ဝန်ကြီးနှင့် ဟိုတယ်၊ တည်းခိုရိပ်သာ လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ညောင်ရွှေမြို့နယ် ဟူပင် ဟိုတယ်၌ မေလ ၁၆ ရက် နံနက်ပိုင်း ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
” ညောင်ရွှေမြို့ထဲမှာပဲ ထိခိုက်ပျက်စီးသွားတဲ့ ဟိုတယ်တွေ မနည်းဘူး။ တချို့ကနေလို့ ရပေမယ့် လုံခြုံမှု ရှိမရှိ ဆိုတာ တပ်အပ် မပြောနိုင်ဘူး။ တချို့ ဟိုတယ်တွေကိုတော့ ပြန်လည် ဖြိုဖျက်ရမယ်လို့လည်းကြားတယ်။ နောက်ပြီး အင်းထဲက ဘန်ဂလို လေးတွေ ပါတဲ့ ဟိုတယ်ဆိုရင် အခန်းပေါင်း ၃၀ ကျော် အားလုံး ပျက်စီးသွားတာ ဘယ်လိုမှ နလန် ပြန်မထူနိုင်တော့လို့ မပြင်နိုင်တော့ဘူးလို့ ဆိုတယ်။ ပြန်ဖျက်ဖို့တောင် မလွယ်တဲ့ အခြေအနေ ဖြစ်နေတယ်။ ဘယ်လို ဆက်လုပ်ရမလဲ မသိကြဘူး ဖြစ်နေတယ်။။”ဟု အင်းလေးကန် ဒေသခံ တစ်ဦးကပြော သည်။
၎င်းတို့ ကောက်ယူထားသော အချက်အလက်အရ ငလျင်ဒဏ်ကြောင့် ရှမ်းပြည်နယ်အတွင်း ကနဦးစာရင်းများအရ ဟိုတယ်နှင့်တည်းခိုရိပ်သာ (၄၄) လုံး ထိခိုက်ပျက်စီးခဲ့ရာ အချို့ကထိခိုက်ပျက်စီးမှုကြီးမားခြင်း ရှိကြောင်း သိရသည်။
စစ်ကောင်စီ ၏ရှမ်းပြည်နယ်အစိုးရ အနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာပြန်လည်နေထိုင်နိုင်ရန်နှင့် လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများပါဝင်သည့် စစ်ဆေးရေးအဖွဲများကိုဖွဲစည်း၍ ငလျင်ဒဏ်သင့် အဆောက်အဦးများကို စစ်ဆေးပေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် စစ်ဆေးရေးအဖွဲများမှ တင်ပြလာ သည့် စစ်ဆေးတွေ့ရှိချက်များကို ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိင်းတိုင်ပင်ပြီး ပြုပြင်ဆောင်ရွက် သွားရန်လိုအပ်ပါကြောင်းဆိုသည်။
ပြည်ပမှ မှာယူဆောင်ရွက်ရမည့် ပစ္စည်းများရှိပါကလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဟိုတယ်များ၏ အတွင်း၊ အပြင် သန့်ရှင်းသာယာလှပ ရေး၊ မြိုရွာသန့်ရှင်းသာယာလှပရေးကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်းဆိုကြ သည်။
ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းရှင်များက ဆွေးနွေးတင်ပြရာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ် တာဝန်ခံ ညွှန်ကြားရေးမှူးက ငလျင်ဒဏ်သင့် ဟိုတယ် နှင့်တည်းခို ရိပ်သာများအား နိုင်ငံတော်မှချေးငွေများစီစဉ်ပေးနိုင်ရေး စာရင်းများပြုစုတင်ပြပေးလျက်ရှိပါ ကြောင်း ဆိုသည်။
အများစုထိခိုက်သည်မှာ ညောင်ရွှေမြို့နယ်အတွင်းရှိ ဟိုတယ်များ ဖြစ်ပြီး၊ အောင်ပန်းမြို့ရှိ ဟိုတယ် အောင်ပန်း နှင့် ရွှေညောင်မြို့ရှိ သပြေလွင် တည်းခိုခန်းတွင်လည်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရကြောင်း သိရသည်။
မတ်လ ၂၈ ရက်က လှုပ်ခတ်သည့် ငလျင်ဘေးဒဏ်ကြောင့်ညောင်ရွှေမြို့ရှိ ထိခိုက်သော ဟိုတယ်များသည် Gold Star Hotel ၊ November Hotel ၊ ကံသာရပ်ရှိ 81 ဟိုတယ် ၊ မဖွင့်ရသေးသော ဟိုတယ် အသစ် တစ်လုံး ၊ ကမ်းနားလမ်းထောင့် ဟိုတယ်တစ်လုံး တို့ဖြစ်ကာ အင်းလေးကန် အတွင်းရှိ ရွှေကျွန်းမျောဟိုတယ် နှင့် ရွှေအင်းသား ဟိုတယ်အပါအဝင် အင်းလေးတွင် စုစုပေါင်း ဟိုတယ် (၁၀) လုံးကျော် ထိခိုက်မှု ရှိကြောင်း သိရသည်။
#PPV-006
#သဘာဝဘေး
#ဟိုတယ်
#အင်းလေး
#ငလျင်ဒဏ်
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။