ခမ်းသားငေါဝ်း
မေ ၂၇၊ ၂၀၂၅

https://www.facebook.com/share/p/1FtwU1oNG2/

ဟိုပုံမြို့ မြို့မဈေးထဲတွင် အမှိုက်ပုံကြား ဈေးရောင်းနေရသဖြင့် ဈေးဝယ်သူနှင့် ဈေးသည်များ စိတ်အနှောင့်ယှက်ဖြစ်ရကြောင်း မေလ(၂၇)ရက်တွင် ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်‌တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ဟိုပုံးမြို့ ဈေးထဲတွင် ဈေးကောက်ကြေးနေ့စဉ် ပုံမှန် ပေးဆောင်နေရသော်လည်း စည်ပင်မှ အမှိုက်ပုံမှန် မသိမ်းပေးသဖြင့် အမှိုက်ပုံကြားဈေးရောင်းနေရသောကြောင့် အဆင်မပြေမှု ရှိနေကြောင်း သိရသည်။

“ဈေးရောင်းတာက လမ်းဘေးမှာရောင်းရလည်း တနေ့(၂)ထောင်‌ကျပ် ပေးရတယ်။ အမှိုက်ကတော့ ပုံနေတာပဲ။ ဖြစ်စေချင်တာက အမှိုက်ကို ပုံမှန်သိမ်းပေးစေချင်တာပါ။ မိုးရွာရင် အနှံ့အသက်ကလည်းဆိုးတယ်။ အဆင်မပြေဘူး”ဟု ဈေးသည်တစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

ဟိုပုံးဈေးထဲ ဈေးရောင်းချသူ ဈေးသည်များအနေဖြင့် ဈေးသိမ်းချိန်တွင် မိမိ၏ အမှိုက်များကို သေချာထုတ်ပိုးပြီး တနေရာတည်း စုပုံထားခဲ့ကြသောကြောင့် (၂)ရက်ခန့် အမှိုက်မသိမ်းဘဲ ထားထားလျှင် အနှံ့အသက်ဆိုးပြီး ကြာလာပါက ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အများစုတော့ သေချာသိမ်းပြီး ပုံကြပါတယ်။ တချို့ကျတော့လည်း စည်းကမ်းမရှိတာကိုတွေ့ရတယ်။ ဒါလည်း ကိုယ့်ဒေသကိုယ့်နေရာဆိုတော့ အကုန်လုံးက ဝိုင်းဝန်းထိန်းသိမ်းသင့်တယ်လို့တော့ ကျွန်မမြင်တယ်။ ဈေးကောက်ကြေး ပေးရတယ်ဆိုပြီး ဖြစ်သလိုတော့ မပြစ်ကြနဲ့ပေါ့နော်။ သိတဲ့အတိုင်း မိုးတွင်းဖြစ်တော့ မိုးရွာရင် ပိုဆိုး။ စည်ပင်လာမသိမ်းတာက ဈေးကောက်မပေးလို့လားပေါ့‌နော် မဟုတ်ရင် လာသိမ်းကြပါတယ်”ဟု နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။

ဟိုပုံမြို့နယ် စည်ပင်သာယာရေးဌာနပိုင်သော ဟိုပုံးမြို့မဈေးတွင် အမှိုက်ပစ်ခြင်းနှင့် ပတ်သက်ပြီး အများအဆင်ပြေစေရန်နှင့် စည်းကမ်းတကျ အမှိုက်ပစ်နိုင်စေရန် နည်းလမ်း ဆောင်ရွက်စေလိုကြောင်း ဒေသခံက ပြောသည်။

PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#အိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
#ဟိုပုံးမြို့ဈေး
#ဈေးကောက်ကြေး
#စည်ပင်မှအမှိုက်ပုံမှန်မသိမ်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7