ခမ်းသားငေါဝ်း
မေ ၂၆၊၂၀၂၅
https://www.facebook.com/share/p/1L1SLUMWMi/
ခေတ်အကြပ်အတည်းကာလ ပအိုဝ်းဒေသအတွင်းရှိ အခက်အခဲများ ဖြေရှင်းနိုင်ရန် ပအိုဝ်းဒေသအားလုံးရှိ ကျေးရွာသူကြီးများ တွေ့ဆုံဆွေးနွေးပွဲကို မေလ ၂၄ ရက်နေ့တွင် ဟိုပုံးမြို့ နောင်တောင်းပရဟိတကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် နောင်တောင်းပရဟိတကျောင်း ဆရာတော်ဦးဆောင်ပြီး ပအိုဝ်းဒေသတွင်း လုပ်သင့်လုပ်ထိုက်သည့်အလုပ်ဆက်လက်လုပ်ဆောင်ရန်နှင့် လုပ်ဆောင်ရန်လိုအပ်သည့်အလုပ်ကို ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် ပအိုဝ်းဒေသအားလုံးရှိ ရွာသူကြီး တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“သုံးလေးနှစ်ရှိပြီမတွေ့ဖြစ်ကြဘူး ပြောရရင် သူသူကိုယ်ကိုယ် ပူပင်စွာနဲ့လုပ်နေကြတာဖြစ်လို့ ပူပင်မှုကြား မှာအလုပ်လုပ်ဆောင်ရတဲ့အခါ သူသူကိုယ်ကိုယ် တွေးစရာတွေ စဉ်းစားရတဲ့အခါတွေမှာ အနည်းနဲ့အများတော့ အတွေးတွေပိတ်တာတွေရှိမယ် ဘယ်လောက်ပဲပူပင်နေပါစေ ဘယ်လောက်ပဲခက်ခဲနေပါစေ အချင်းချင်း တွေ့ဆုံကြမယ်၊ စကားပြောကြမယ် ၊ အပြန်အလှန်အကြံညဏ်တွေပေးကြမယ်၊ တိုင်ပင်ကြမယ်ဆိုရင် စိတ်တွေ၊ ညဏ်တွေ ပွင့်လာမယ်” ဟု နောင်တောင်ဆရာတော်က မောင်းမွူးခံကို မိန့်ကြားထားသည်။
ပူပင်လွန်းတယ်၊ ခက်ခဲလွန်းတယ် ဒီတိုင်းပဲထားမည်ဆိုပါက အတွေးများ ပိုပြီးပိတ်သွားမည် ပိုပြီးအမှောင်ကျသွားမည် ဘယ်လောက်ပဲပူပင်နေပါစေ ခက်ခဲနေပါစေ တွေ့ဆုံသင့်တာတွေ့ဆုံပြီး ပြောသင့်တာပြော လုပ်သင့်တာလုပ်ရမည်ဖြစ်ကြောင်း ဆရာတော်ကဆက်ပြီးမိန့်ကြားထားသည်။
ပအိုဝ်းဒေသ ပအိုဝ်းပညာရေးများ၊ ပအိုဝ်းလူငယ်အနာဂတ်ကို မိမိကိုယ်မိမိ ပြုပြင်နိုင်ရန်၊ ပအိုဝ်းအမျိုးသားပညာရေးတခုပေါ်ပေါက်လာစေရန်နှင့် ပအိုဝ်းဒေသစီးပွားရေးကိစ္စများကိုလည်း ဆွေးနွေးတိုင်ပင်ကြ ပြီး အဓိက စည်းလုံးညီညွတ်ရေး၊ ပညာရေးနှင့် စီးပွားရေးအကြောင်းများကို ဆွေးနွေးတိုင်ပင်ကြောင်းသိရသည်။
ပအိုဝ်းဒေသအားလုံး ရွာသူကြီးများတွေ့ဆုံဆွေးနွေးပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌ ခွန်ရဲထွေး၊ PNO ပြည်သူ့စစ် ဒုဗိုလ်မှူးကြီးခွန်ထွန်းရွှေ၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုဗဟို ကော်မတီအဖွဲ့ဝင် ခွန်မောင်ဘော်၊ PNO ပါတီအတွင်းရေးမှူး ၂ စောခွန်ကျော်ဝင်း နှင့် ဆိုက်ခေါင်ဒေသ လူငယ်ခေါင်းဆောင် ခွန်ထွန်းငြိမ်းတို့မှ အုပ်ချုပ်ရေး၊ ပညာရေး၊ လူမှုရေး၊ နိုင်ငံရေးအသိပညာများ မျှဝေပေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသအားလုံးရွာသူကြီးတွေ့ဆုံပွဲကို နှစ်ရက်တိတိကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
နောင်တောင်းပရဟိတ ဆရာတော်ဦးဆောင်ပြီးပြုလုပ်သည့် ပအိုဝ်းဒေသရွာသူကြီးများတွေ့ဆုံပွဲတွင် ပအိုဝ်းဒေသရှိ ရွာသူကြီး အယောက် တစ်ထောင်ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
photo နောင်တောင်းဗုဒ္ဓကောလိပ်
#ppv001
#နိုင်ငံရေး
#နောင်တောင်း
#ရွာသူကြီးတွေ့ဆုံပွဲ
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။