ခမ်းသားငေါဝ်း
မေ ၂၅၊ ၂၀၂၅

https://www.facebook.com/share/p/1X5sbonNHG/

ပင်းတယ မြို့နယ်ရှိ အထင်ကရသမိုင်းဝင် ညောင်ပင်ကြီးသည် (အင်းဆက်ပိုး)တစ်မျိုးဖြစ်သည့် ချိပ်စွဲပြီး ချိပ်ခွါသူများသဖြင့် အပင်များခြောက်ကာ ခုတ်လိုက်ရကြောင်းဒေသခံထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ်ရှိရွှေဥမင် ဂူဘုရားနှင့် ဘုရားတောင်ခြေရှိ သက်တမ်းရင့် ညောင်ပင်ကြီးသည် ချိပ်စွဲပြီး အပင်မှ ချိပ်ခွါခြင်း များပြုလုပ်၍ အချိန်ကြာသည့်အမျှ အပင်သည် ခြောက်ကာ ခုတ်လိုက်ရသည်။

“ချိပ်စွဲလို့ အပင်ကနေ ချိပ်ခွာရောင်းတယ့်သူတွေရယ် ဂရုစိုက်မယ့်သူ လည်းမရှိ၊ ညောင်ပင်တွေမှာ ချိပ်ကောင် ခွာရင်း အပင်ကြီးတွေက အညွန့်ချိုးခံရသလို ဖြစ်ပြီး သေကုန်တာ၊ ပြီးတော့ ချိတ်တွေကို တစ်ပင်နဲ့တစ်ပင် မကူးကူးအောင် သူက မှိုလိုပဲ အရွက်တွေမဲပြီး အစေးတွေကျ လာတယ် အပင်တွေခြောက်ကုန်ပြီးသေတယ် ၊ သေတဲ့ အပင်တွေကအရွက်တုံးပြီး အပင်နိမ့်လို့၊ အပင်မြင့်ကျတော့ တံချူနဲ့ ချိပ်မွေး ၊ချိပ်ခွာ မရလို့ ဘာမှ မဖြစ်ဘူး”ဟု ဒေသခံတစ်ဦးမှပြောသည်။

ထို့ပြင် ညောင်ပင်ကြီးရှိ ချိပ်များခွါယူကြခြင်းကြောင့် အပင်များတစ်ဝက်ခန့်ခြောက်လာခြင်းနှင့် ရာသီဥတု အခြေအနေကြောင့် သစ်ပင် ကျိုးကျ ခြင်းများကြောင့် ခုတ်လိုက်ရကြောင့် သိရသည်။

“အပင်သေသွားလို့ပါ၊ အပင်ကလေ ကြာလာ သက်တမ်းရင့်လာတော့ခြောက်သွားတာ၊ အမတို့လည်း အဲ့နား ဖြတ်သွားတာတွေ့လိုက်သေးတယ်၊ ပင်စည်ကိုလွှတွေနဲ့ဖြတ်နေတာ ခြောက်နေလို့ သစ်ပင်ကခြောက်ပြီးတော့ သေကုန်ပြီးလေ မကောင်းတော့ဘူး၊ နှမျောတော့နှမျောတာပေါ့ ၊ဒါပင်မဲ့ အပင်ငယ်လေတွေတော့ပြန်စိုက်ထားပါတယ်”ဟု နောက်ထပ် ဒေသခံတစ်ဦးမှပြောသည်။

ယခုနှစ် ၂၀၂၅ ခုနှစ်တွင် ၎င်း ညောင်ပင်ကြီးသည် ချိပ်များစွဲပြီး အပင်များရှိချိပ်များအား ခွါယူခြင်းများကြောင့် ညောင်ပင် နှစ်ပင်ခုတ်လိုက်ရကြောင့်သိရသည်။

ချိပ်သည် လက်စီဖာလက်ကာ (ခေါ် ) အင်းဆက်ပိုးတစ်မျိုးမှ ရရှိလာသော အစေးတစ်မျိုးဖြစ်ပြီး ချိပ်ပိုးများသည် မိမိကိုယ်ကိုကာကွယ်ရန် အစေးတစ်မျိုးဖြင့် ဖုံးအုပ်တတ်သည့် အလေ့အထတစ်ခုရှိပြီး အဆိုပါအစေးများကို ချိပ် ဟုခေါ်သည်။

ချိပ်စေးများကို ပေါလစ်ပြုလုပ်ပြီး သစ်သား၊ ပရိဘောဂများကို ကြာရှည်ခံစေရန် နှင့် တောက်ပြောင်ချောမွေ့စေရန်အတွက် သုတ်ဆေးအဖြစ်သုံးလေ့ရှိကြောင်းသိရှိရသည်။ ချိပ်သည်ဈေးရရှိနေပြီး အချို့က စိုက်ထားသည့်အပင်များတွင် ကိုင်းကူးမွေးမြူကာ ခွာယူပြီးရောင်းချလျှက်စီးပွားရှာသူများလည်းရှိကြောင်း သိရသည်၊၊

PPV0013
ပုံ-အွန်လိုင်း
#သဘာဝပတ်ဝန်းကျင်
#ပင်းတယမြို့နယ်
#ရွှေဥမင်ဂူဘုရား
#သက်တမ်းရင့်ညောင်ပင်
#ချိပ်စွဲပြီးအပင်မှချိပ်ခွါခြင်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7