ခမ်းသားငေါဝ်း
မေလ၂၅၊ ၂၀၂၅

https://www.facebook.com/share/p/16CB1yztBU/

တရားမဝင် ကုန်စည်များအဆက်မပြတ်ဖမ်းဆီးနေ၍ တောင်ကြီးမြို့တွင် ပြည်ပမှတင်သွင်းသည့် လူသုံးကုန်ပစ္စည်းများ ပြတ်လပ်နေကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့တွင်လက်ရှိ အိမ်သုတ်ဆေး ၊ ရေဆေးများဝယ်မရဘဲ ပစ္စည်း ပြတ်လပ်နေကြောင်း သိရသည်။

“အခု တောင်ကြီးမှာ အိမ်သုတ်ဆေး ဘယ်မှာမှ ဝယ်မရဘဲ ပြတ်နေတာကြာပြီ။ ရှာလို့တောင် မရဘူး။ လုပ်ငန်းအတွက် ဆေးသုတ်ဖို့ လိုနေတာတောင် ဝယ်မရလို့ ဘာမှ မလုပ်ဘဲ စောင့်နေရတယ်။ ရေဆေး တွေ ဝယ်မရဘူး။ ထိုင်းကုန်စည်တွေလည်း ရှားပါးနေတယ်။ ”ဟု လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

ထို့ပြင် အနောက်တိုင်း ဆေးဝါးပစ္စည်းများလည်း ပြတ်လပ်မှု ရှိကြောင်း ဆေးအရောင်းဆိုင် တစ်ဆိုင် က ဆိုသည်။

ပြည်ပမှ တင်သွင်းသော ဖျော်ရည် ၊ အချိုရည် ၊ ဘီယာ နှင့် ယမကာ တချို့လည်း ကုန်ပစ္စည်း ပြတ်လပ်မှု ရှိကြောင်း ကုန်စုံဆိုင် တစ်ဆိုင်ထံမှသိရ သည်။

ကင်မရာ အရောင်းဆိုင် တစ်ဆိုင် က” အခု နောက် ပိုင်း ကုန်အဝင်နည်းတယ်။ ဂိုဒေါက် တံဆိပ် ကင်မရာ ဖလပ်ရှ် မီး က ဝယ်လို့တောင် မရဘူး။ ပစ္စည်း မဝင်တော့ ဘယ်တော့မှ ရမယ်ဆိုတာလဲ မပြောနိုင်ဘူး။”ဟု ဆိုသည်။

မေလ အစောပိုင်းတွင် ဟိုပုံး၌ တရားမဝင် ကုန်စည်များ ဆက်တိုက် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး တရားမဝင် သစ်မျိုးစုံ ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများ၊ လိုင်စင်မဲ့ မော်တော်ယာဉ်များ နှင့် တရားမဝင် ကုန်ပစ္စည်းတင် မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့ကြောင်းစစ်ကောင်စီ၏ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၅ ခုနှစ် မေလ ၈ ရက် နှင့် ၉ ရက် တို့တွင် နှစ်ရက်အတွင်း ဖမ်းဆီးရမိမှု အမှုတွဲ စုစုပေါင်း ၁၇ မှု ၊ ခန့်မှန်း တန်ဖိုးငွေကျပ် သိန်းပေါင်း ငါးထောင်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

#PPV-006
#ကုန်စည်ပြတ်လပ်
#ကုန်စည်စီးဆင်းမှု
#တောင်ကြီး

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။