ခမ်းသားငေါဝ်း
မေ ၂၅၊ ၂၀၂၅

တောင်ကြီးစည်ပင်တွင် လိုင်စင်ကားများ ဘီးလိမ့်ခွန်ဆောင်ပြီးသော်လည်း အချိန်ဆွဲပြီး ကဒ်ပြားမထုတ်ပေးသည့်အတွက် ကားပိုင်ရှင်များအခက်အခဲကြုံနေရကြောင်း ကားပိုင်ရှင်ထံမှသိရသည်၊၊

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် စည်ပင်ဌာနထံ လိုင်စင်ရှိကားများ ဘီးလိမ့်ခွန်ဆောင်ခြင်းအတွက် ငွေလက်ခံပြီး ဘီးလိမ့်ခွန်ကဒ်ပြားထုတ်ပေးရန် အချိန်ဆွဲသည့်အတွက် တိုးဂိတ်ဖြတ်သည့်အခါတိုင်း ငွေပိုပေးနေရသောကြောင့် ကားပိုင်ရှင်များ အခက်အခဲကြုံနေရသည်၊၊

“တစ်နှစ်စာ ဘီးလိမ့်ခွန်ဆောင်ပြီးပြီ ခုထိကဒ်ပြားမထုတ်ပေးသေးဘူး ဂိတ်ဖြတ်တိုင်းပိုပေးနေရတယ် ကျနော်တစ်ယောက်တည်းမဟုတ်ဘူး”ဟု တောင်ကြီးဒေသခံ အိမ်စီးကားပိုင်ရှင်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်၊၊

စည်ပင်ဘီးလှိမ့်ခွန်ဆောင်ရန် ကားပိုင်ရှင်များက ခနခနသွားမေးရပြီး မေလထဲရောက်မှငွေလက်ခံကြောင်း သိရသည်၊၊

နောက်ဒေသခံတစ်ဦးကလည်း “ဂိတ်တွေမှာ ငွေပိုပေးနေရတာအဆင်မပြေဘူး လိုင်စင်ကားလေနော် တရားဝင်ဥပဒေနဲ့အညီကိုယ်ကနေချင်တော့ ငွေသွင်းဖို့တောင်ခနခနသွားမေးရတယ်် ဘယ်နေ့လက်ခံမလဲဆိုတာ လက်ခံပြီးတော့လည်း ကဒ်ပြားထုတ်ပေးဖို့အချိန်ဆွဲနေသလိုပဲ”ဟု ပြောသည်၊၊

ကဒ်ပြားထုတ်ပေးရန် အချိန်ကြာမြှင့်သည့်အတွက် လိုင်စင်ရှိကားများ တိုးဂိတ်ဖြတ်ရာတွင် ငွေပိုပေးနေရကြောင်း သိရသည်၊၊

PPV001
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#တောင်ကြီးမြို့
#စည်ပင်ဌာန
#လိုင်စင်ရှိကားများ
#ဘီးလိမ့်ခွန်ဆောင်ခြင်း
#ဘီးလ်မ့်ခွန်ကဒ်ပြား
#တိုးဂိတ်ဖြတ်သည့်အခါ
#ငွေပိုပေးနေရ
#ကားပိုင်ရှင်များ

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7