ခမ်းသားငေါဝ်း
မေ ၂၅၊ ၂၀၂၅
https://www.facebook.com/share/p/1DVwXz8Nso/
ဆတ်သေ ကျေးရွာတွင်မိုးကြီးချိန် ကလေးငယ်တစ်ဦးမျှောပါပြီး သေဆုံးသွားခဲ့ကြောင်းရွာသားများထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ဆတ် သေကျေးရွာတွင် မေလ၂၃ ရက်ည ၅ နာရီကျော်၌ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ကလေးငယ်တစ်ဦးပါ ရေမျှောပါသေဆုံးခဲ့ရကြောင်းသိရသည်။
“မိုးကြီးတော့ ရေမျှောပါသွားတာ။မိုးကြီးတာ ရေမြောင်းတောင်မဆံံ့တော့ဘူး။ ကလေးက အိမ်နားမှာဘဲနေတာ ရေမျှောပါသွားတာ။ မိုးတိတ်တော့ ရွာသားတွေတွေ့တာ သေဆုံးနေပြီ”ဟု ဆက်သေရွာသားတစ်ဦးကပြောသည်။
သေဆုံးသူသည်အသက် ၈ နှစ်အရွယ် နန်းဖြိုးသဇင်ဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့်ယခင်နှစ်တွင်လည်း ဆတ်သေကျေးရွာတွင် မိုးကြီးပြီး ရေကြီးသောကြောင့် ရွာသား ပြောင်းခြံများစွာ ရေမြုပ်ခဲ့သေးကြောင်းသိရသည်။
#PPV005
ပုံ-အွန်လိုင်း
#မှုခင်း
#ရပ်စောက်မြို့နယ်
#ဆက်သေကျေးရွာ
#မိုးသည်းထန်စွာရွာသွန်းပြီး
#ကလေးငယ်တစ်ဦး
#ရေမျှောပါသေဆုံးခဲ့ရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7