ခမ်းသားငေါဝ်း
မေ ၂၅၊ ၂၀၂၅
https://www.facebook.com/share/p/1ATqq3TQDh/
နိုင်ငံတဝန်း၌ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၂၃ ရက်နေ့အထိ အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၀၀)ကျော် အထိရှိလာကြောင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်ထားသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူ (၁၈)နှစ်အောက်ကလေးငယ်များမှာ မိန်းကလေး (၅၉) ဦးနှင့် ယောကျာ်းလေး (၅၆) ဦး စုစုပေါင်း (၁၁၅) ဦး ဖြင့် စစ်ကိုင်းတိုင်းသည် (၃၉) ဦးဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်ကြောင်းဖော်ပြထားသည်။
၎င်း (၁၁၅) ဦး အနက် (၉၅) ဦးသည် လေကြောင်း တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ရပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် (၁၄) ဦး သေဆုံး သည်ကို အမည်နှင့်တကွအတည်ပြုနိုင်ခဲ့ကြောင်း (AAPP)မှထုတ်ပြန်ထားသည်။
၂၀၂၁၊ ဖေဖော်ဝါရီလ ၁ ရက် မှ ၂၀၂၅ မေလ ၂၃ ရက်အထိ စစ်ကောင်စီကြောင့် တော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆,၇၀၀) ကျော် ရှိခဲ့ပြီဖြစ်ကြောင့်ဖော်ပြထားပါသည်။
PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ကလေးသူငယ်အခွင့်အရေး
#နိုင်ငံတဝန်း
#လေကြောင်းတိုက်ခိုက်မှု
#နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
#AAPP
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7