ခမ်းသားငေါဝ်း
မေလ ၂၄၊ ၂၀၂၅

https://www.facebook.com/share/p/15AhyN4Fx4/

တာချီလိတ်မြို့တွင် မိုးရွာသွန်းပြီး မြို့ထဲရှိ ရပ်ကွက်အချို့ ရေကြီးမှု‌ကြောင့် သွားလာရေး ခက်ခဲနေကြောင်း မေလ(၂၄)ရက်ကသိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီမြို့တွင် အခုရက်ပိုင်း မိုးကြီးမှုကြောင့် ပုန်းထွန်ရပ်ကွက်၊ ဆန်ဆိုင်းရပ်ကွက်၊ တာလော့ရပ်ကွက်နှင့် မယ်ခေါင်ရပ်ကွက် တို့၌ ရေကြီးမှု ဒဏ်ကို ခံစားနေရကြောင်း ဒေသခံထံမှ သိရသည်။

“ရေကြီးတာက နှစ်စဉ်လို‌ဖြစ်နေတာ အခုနှစ်လည်း (၅)လပိုင်းထဲပဲ ရှိသေးတာ ဖြစ်နေပြီ၊ တချို့ရပ်ကွက်က ရေမြောင်းတွေ ရေသေချာဆင်းနိုင်အောင် ပြုလုပ်စေချင်တယ်။ အခုက တချို့နေရာဆို အမှိုက်တွေချည်း ဆိုတော့ ရေပိတ်တာလည်း ရှိတယ်၊ မြို့ထဲတချို့ရပ်ကွက်မှာ အချိန်မှီပြောင်းရွေ့နိုင်ရေး သတိပေးတာတွေရှိတယ်”ဟု ဒေသခံက ခမ်းသားငေါဝ်းကို ပြောသည်။

ထို့အပြင် တာချီလိတ်မြို့တွင် ယခုရက်ပိုင်း မိုးကြီးမှုကြောင့် မယ်ဆိုင်ချောင်း ရေတက်လာပြီး ထိုင်း-မြန်မာချစ်ကြည်ရေးတံတားပေါ် ကားများ ဖြတ်သန်းသွားလာမှုကို ခေတ္တာပိတ်ထားကြောင်း မေလ(၂၄)ရက်က လမ်းလျှောက်ဖြန်သန်း သွားလာသူများသာ ပြန်လည်ခွင့်ပြုကြောင်း သိရသည်။

နောက်ထပ် ဒေသခံတစ်ဦးက”အဲ့တာကက အရေး‌ ပေါ် လုပ်ငန်းဆောင်ရွက်နေမှုကြောင့်ပါ။ချောင်းရေမြင့်တက်မှုနဲ့အတူ ချောင်းထဲက အမှိုက်များ ဆည်ယူဖို့နဲ့ ရေထိန်းနိုင်ဖို့အတွက် သဲအိတ်ကို ချတာတို့ လုပ်တာတာကြောင့် ခဏပိတ်ထားတာ ပြောပါတယ်။ ပြီးရင်တော့ ပြန်ဖွင့်မယ်”ဟု ပြောသည်။

တာချီလိတ်မြို့တွင် ပြီးခဲ့သည့်နှစ်ကလည်း မိုးရာသီအတွင်း ‌မိုးကြီးရေလျှံမှုကြောင့် ဒေသခံများ သွားလာရေး ခက်ခဲမှုများစွာ ကြုံတွေ့ခဲ့ရပြီး ယခုနှစ်မှာလည်း ရေကြီးရေလျှံမှုကြုံတွေ့ရမည်ကို စိုးရိမ်ကြောင်း ဒေသခံထံမှ သိရသည်။

#PPV0011
#သဘာဝဘေး
#တာချီလိတ်
#ရေကြီးရေလျှံမှု

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။