ခမ်းသားငေါဝ်း
မေလ၂၄၊ ၂၀၂၅

https://www.facebook.com/share/p/16MHSGiRUb/

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး-ဟိုပုံး ပြည်ထောင်စုလမ်းမကြီး ၈ မိုင်တွင် ဆီဘောက်ဆာကားတိမ်းမှောရ် မီးလောင်ခြင်းကြောင့် ၊ ကား ၄ စီး၊ ဆိုင်ကယ် တစ်စီး မီးလောင်ဆုံးရှုံးကာ ၊ လူ၂ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရခဲ့ကြောင်းသိရသည်။

တောင်ကြီး မှ ဟိုပုံး သွားလမ်း ပြည်ထောင်စုလမ်းမကြီး (၈) မိုင် ၊ ပင်းပက်စက်ရုံ အနီး ရှိ ဘုန်းတော်ကြီးကျောင်း အနီးတွင် ဆီတင်ယာဉ် ဘောက်ဆာကား တစ်စီး မတော်တဆ တိမ်းမှောက် မီးလောင်မှု မေလ ၂၃ ရက် ညနေပိုင်း ၅ နာရီခွဲ အချိန် ဖြစ်ပွားခဲ့သည်။

“အားလုံးပေါင်း ၂ ယောက် ဆုံးပါးခဲ့ပြီး ၊ ၄ ယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။ အချိန်နဲ့ တပြေးညီ ကူညီဆောင်ရွက်ပေးနေပါတယ်။”ဟု ကြက်ခြေနီ တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြော သည်။

မော်တော်ယာဉ် မီးလောင်မှု ဖြစ်ရခြင်းမှာ ပင်းပက်စက်ရုံကို စစ်ခေါင်းဆောင် လာရောက်ဖွင့်ပွဲ ပြုလုပ်မည့်နေရာ လမ်းခင်းရန် လမ်းမပေါ် ထိ ပုံထားသော ကျောက်ခဲပုံအား ဆီဘောက်ဆာ ယာဉ်တိမ်းရှောင်ရာမှ မော်တော် ကား ၂ စီး နှင့် ဆိုင်ကယ် ၁ စီး ညှပ်မိပြီး မီးလောင်ကျွမ်းခြင်း ဖြစ်ကြောင်း မျက်မြင် တွေ့ရှိသူများက ဆိုကြသည်။

ထိုအခင်းဖြစ်ရာ နေရာသို့ တောင်ကြီးမြို့နယ် ၊ ကျေးရွာ၊ ခရိုင် မှ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ မှ သွားရောက်ကာ သေဆုံးသူ နှင့် ဒဏ်ရာရရှိသူ လူနာများအား တောင်ကြီးမြို့၊ စဝ်စံထွန်း ဆေးရုံ သို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း ကြား သိရသည်။

အဆိုပါ မီးလောင်နေသော ဆီ ဘောက်ဆာ မော်တော် ယာဉ်ကို မိနစ် (၄၀) ကျော် မီးငြိမ်းသတ်ရခြင် ဖြစ်ကြောင်း သိရသည်။

ထိုဆီဘောက်ဆာကားသည် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်တော့ဘဲ တိမ်းမှောက်ပြီး အနီးရှိ ကား ၃ စီး နှင့် ဆိုင်ကယ် ၁ စီး ထက်မနည်းကိုလည်း ဝင်တိုက် ကာ ၊ ဓါတ်တိုင် ဓါတ်ကြိုး များကိုပါ မီးလောင်ခြင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မော်တော်ကား နှင့် မော်တော်ဆိုင်ကယ် မောင်းနှင်လာသူများ မီးကူးစက်ခံရခြင်း ဖြစ်ပြီး သေဆုံးသူ နှင့် ထိခိုက်ဒဏ်ရာ များ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#PPV-006
#မီးလောင်မှု
#လူသေဆုံး
#ဆီသယ်ယာဥ်
#တောင်ကြီး

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။