ခမ်းသားငေါဝ်း
မေလ ၂၃၊ ၂၀၂၅

https://www.facebook.com/share/p/16jEcYWRJK/

မိုးဗြဲတွင် စစ်ကောင်စီက စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲများပြင်းထန်ဖြစ်ပွားနေကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးထံမှသိရသည်။

ရှမ််း- ကရင်နီ နယ်စပ်မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် စစ်ကောင်စီဖက်မှ လေကြောင်း၊လက်နက်ကြီး၊ ဒရုန်း ပစ်ကူများ အသုံးပြုကာ ထိုးစစ်ဆင်နေ ပြီး တော်လှန်ရေးတပ်ဖွဲ့များ နှင့် တိုက်ပွဲပြင်းထန်ဖြစ်ပွားနေသည်။

” စစ်ကောင်စီကတော့ အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်နေတယ်၊ တိုက်ပွဲတွေပြင်းထန်နေဆဲပဲ၊ ကျွန်တော်တို့ ဖက်က တော့ အကောင်းဆုံးခုခံနေဆဲပါ” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

တိုက်ပွဲအတွင်းတွင် စစ်ကောင်စီဖက်မှ မီးလောင်ဗုံး၊ အဆိပ်ငွေ့ဗုံးများပါ အသုံးပြု တိုက်ခိုက်နေပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုများ ကြောင်းသိရသည်။

” စစ်ကောင်စီဖက် ၅၀ ကျော်သေတယ်၊ ကျွန်တော်တို့ဖက်မှာလည်း ပေးဆပ်လိုက်ရတဲ့ရဲဘော်တွေ ရှိပါတယ်၊ အဓိကကတော့ သူတို့ရဲ့ လက်နက်ကြီး နဲ့ ဒရုန်းတွေကြောင့်ပါ” ဟု ၎င်း ကဆက်ပြောသည်။

စစ်ကောင်စီဖက်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မိုးဗြဲမို့အနီးတစ်ဝှိုက်ကျေးရွာများအတွင်းကိုလည်း လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်နေသောကြောင့် ပြည်သူများအနေဖြင့် သတိထားနေထိုင်ကြရန် လိုအပ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက အသိပေးထားသည်။

#PPV 003
#တိုက်ပွဲ
#မိုးဗွဲ
#စစ်ကောင်စီ

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။