ခမ်းသားငေါဝ်း
မေလ ၂၃၊ ၂၀၂၅
https://www.facebook.com/share/p/1ErLQR4PRQ/
မိုင်းရယ်မြို့တွင် SSPP/SSA တပ်သား မောင်းနှင်လာသည့်ကား ဆီဖြည့်ရာမှာ လက်ပစ်ဗုံးပြုတ်ကျပေါက်ကွဲရာမှ အသက်(၁၃)နှစ်အရွယ်ကလေးနှင့် ဆီဆိုင်ပိုင်ရှင် အပါအဝင် ကားပေါ်ပါ(၆)ဦး ဒဏ်ရာရပြီး (၁)ဦး အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။
မေလ(၂၂)ရက် မနက်ပိုင်း(၉)နာရီကျော် အချိန်တွင် ရှမ်းပြည်နယ် မြောက်ပိုင်း မိုင်းရယ်မြို့အထွက် မီးသတ်ရုံးအနီး စစ်ဆေးရေးဂိတ်မရောက်ခင် လမ်း၏ဘယ်ဖက်ရှိ ပန့်ဆီဆိုင်တွင် SSPP/SSA တပ်သား စီးနှင်းလာသည့် ကား(၁)စီး ဆီဖြည့်စဉ် လက်ပစ်ဗုံးပြုတ်ကျပေါက်ကွဲရာမှ(၆) ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံထံမှ သိရသည်။
“ဘယ်လိုတောင်ပြုတ်ကျလည်းတော့ မသိဘူး။ ထိတဲ့ထဲ (၁၃)နှစ်ကလေးလည်းပါတယ်ပြောတယ်။ကားပေါ်ဘယ်နှစ်ယောက်ပါလဲဆိုတာလည်း တိတိကျကျမသိဘူး။ ထိတာက(၆)ယောက်ထိတယ်ကြားတယ်။ လက်ပစ်ဗုံးပြုတ်ကျတဲ့ တစ်ယောက်ဆိုရင် အသက်ရှင်ဖို့ မျှော်လင့်ချက်သိပ်မရှိဘူး ကြားတယ်။ ပေါင်တွေ ခြေထောက်တွေ ကျိုးတယ်လို့ပြောတယ်”ဟု ဒေသခံသတင်းရင်းမြစ်က ခမ်းသားငေါဝ်းကိုပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့သည် စစ်ကောင်စီနှင့် SSPP/SSAတပ်ဖွဲ့တို့ ပူးတွဲ ထိန်းချုပ်နေသည့် မြို့တစ်မြို့ဖြစ်ကြောင်း သိရသည်။
#PPV0011
#social
#sspp
#ဗုံးကျပေါက်ကွဲ
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။