ခမ်းသားငေါဝ်း
မေ ၂၂၊ ၂၀၂၅

https://www.facebook.com/share/p/163Ani13Hf/

အင်းလေးကန်ဒေသတွင် မတ်လ (၂၈)ရက်နေ့၌ လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် အင်းလေးကန်ဒေသခံများအတွက် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအသိပညာပေးပွဲကို မေ(၁၉)ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင့် အင်းလေးအမျိုးသမီးများ စွမ်းဆောင်ရှင်အသင်း – IPNet မှထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ဒေသခံများအတွက် ငလျင်ဒဏ်ကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေး အတွက် အသိပညာပေးပွဲကို နောင်ကန်ရွာရှိ နောင်ကန်ဘုန်းကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းကို အင်းလေးအမျိုးသမီးများ စွမ်းဆောင်ရှင်အသင်း – IPNet ၏ သတင်းပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးမှ ခမ်းသားငေါဝ်းကိုပြောသည်။

“သဘာဝဘေးအန္တရယ် ခံစားနေရတဲ့ ( လတ်တလော ငလျင်ကြောင့် ) ပြည်သူတွေကို စိတ်ပင်ပန်းမှုများလျော့ပါးသက်သာစေဖို့၊ အခက်အခဲမတွေကို အတူတကွ ရင်ဆိုင်ကျော်လွှားဖို့၊ အားအင်များ ဖြစ်ပေါ်စေဖို့ ၊ စိတ်ကျန်းမာရေး ဗဟုသုတများ ရရှိစေရန်နဲ့ခဏတာ ကိုယ်ရောစိတ်ပါ ပေါ့ပါးစေဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာပါ”ဟု IPNet ၏ သတင်းပြန်ကြားရေးတာဝန်ရှိသူတစ်ဦးမှ ပြောသည်။

ထို့ပြင် ဒေသခံများအတွက် စိတ်ပိုင်းဆိုင်ရာကျန်းမာရေး တွင် အထောက်အကူဖြစ်မည့် နွေးထွေးစွာ အားပေးစကားပြောခြင်း၊ ကိုယ်ကာယလေ့ကျင့်ခန်းများအတူပြုလုပ်ခြင်း ၊ ပျော်ရွှင်ဖွယ် Game ကစားခြင်း ၊ ဗဟုသုတများမျှဝေခြင်း စသည့် ပုံစံများဖြင့်ပြုလုပ်ခဲ့ကြောင့်သိရပါသည်။

“ ကျွန်မတို့ IPNet အနေနဲ့ စိတ်မိတ်ဆွေ- Mental Health မှ ပေးအပ်သော “ လုံခြုံတဲ့ နှလုံးသားရပ်ဝန်း” လက်ကမ်းစာစောင်များကို ဝေမျှပေးခဲ့တယ် ၊နောက်ထပ် ထပ်ပြီး ရင်ဖွင့်စကား ပြောချင် ၊ ဆွေးနွေချင်တဲ့ သူတွေကို ဆက်သွယ်ရမဲ့ contact လေးတွေ ပေးအပ်ခဲ့ပါတယ်”ဟု ၎င်း ကဆက်ပြောသည်။

နောင်ကန်ကျေးရွာရှိ ကျောင်းနေကလေးငယ်များအတွက် ကျောင်းသုံးစာရေးကိရိယာများ၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နှင့် မသန်စွမ်းတို့အတွက် အမျိုးသမီးလစဉ်သုံး ၊ နို့မုန့် ၊ နှင့် ဆေးအစုံအိတ် အပြင် စားသောက်ကုန်များလည်း ကူညီပံ့ပိုးပေးခဲ့ကြောင်းသိရပါသည်။

PPV0013
ပုံ-အင်းလေးအမျိုးသမီးများ စွမ်းဆောင်ရှင်အသင်း – IPNet
#စိတ်ကျန်းမာရေး
#အင်းလေးကန်ဒေသ
#ငလျင်ဒဏ်
#အင်းလေးကန်ဒေသခံများ
#စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအသိပညာပေး
#အင်းလေးအမျိုးသမီးများစွမ်းဆောင်ရှင်အသင်း
#IPNet
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7