ခမ်းသားငေါဝ်း
မေ ၂၂၊ ၂၀၂၅
https://www.facebook.com/share/p/1BeuJGcWRv/
ကျွန်ဘဝ မှလွတ်မြောက်ရေးအတွက် ရှမ်းပြည်သားများအားလုံး အမျိုးသား၊တိုင်းပြည်၊ဘာသာ၊သာသနာ တို့အတွက် ရည်မှန်းပြီး တော်လှန်ရေးထဲတွင် ရဲဝံ့စွာပါဝင်ဆောင်ရွက်ကြဖို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ယွက်စစ်က (၆၇) နှစ်မြောက်ရှမ်းပြည်တော်လှန်ရေးနေ့သို့ပေးပို့သည့် သဝဏ်လွာတွင် ထည့်သွင်းပြောဆိုထားသည်။
” တော်လှန်ရေးရှည်ကြာလာခြင်းနဲ့အတူ သင်ခန်းစာအမျိုးမျိုးလည်းရခဲ့ပြီးဖြစ်ပါတယ်၊ တော်လှန်ရေးဟာအရေးကြီးတဲ့အတွက် မိမိတို့အားလုံးအနေဖြင့် အုတ်တစ်ချပ်၊သဲတစ်ပွင့်ဆိုသလို တတ်နိုင်တဲ့ဖက်က ပါရန်ဆောင်ရွက်ကြရန်၊ “လူထုကရေ၊ တပ်ကငါး” ဆိုသလို အချင်းချင်းလက်တွဲပူးပေါင်းပြီး တော်လှန်ရေးအပေါ်အားခွန်သွန်စိုက် လို့ ကျွန်ဘဝမှ လွတ်မြောက် ရေးအတွက် ဆောင်ရွက်သွားကြရမယ်” ဟု ယွက်စစ်က ဆိုသည်။
၁၉၄၇ ပင်လုံစာချုပ်ပါ နိုင်ငံရေးသဘောတူညီချက်ကို ဗမာအစိုးရက အကောင်ထည်ဖော်ဆောင်ရွက်ခြင်းမရှိသည့်အတွက် ၁၉၅၈ ခုနှစ် မေလ ၂၁ ရက်နေ့တွင် “စဝ်နွဲ့” ခေါ် ဆောယန်တ ဦးစီးပြီး လူ ၃၁ ဦးသေနတ် ၇ လက်ဖြင့် ” နွံစစ်ဟန်” တပ်ကိုဖွဲ့စည်းကာရှမ်းတော်လှန်ရေးကို စခဲ့ကြောင်း ဆိုသည်။
(၆၇) နှစ်သာတော်လှန်ရေးကာလအတွင်းမှာ အတွင်း၊အပြင် နိုင်ငံရေးပြသနာကြုံတွေ့ရခြင်း၊အမြင်မတူခြင်းတို့ကြောင့် ရှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲမှုများရှိခဲ့သည့်အပြင် တော်လှန်ရေးအဖွဲ့အချို့က စီးပွားရေးလုပ်ငန်းရှင်များ နောက်ခံထားပြီး ကိုယ်ကျိုးစီးပွားများလုပ်ကိုင်ခြင်း၊ ရှမ်းလူထုတို့၏ ပညာရေး၊ဗဟုသုတ မပြည့်စုံခြင်းတို့ကြောင့် ရန်သူ၏ စည်းရုံးမှု ကိုခံရပြီး အသုံးချခံဘဝ ရောက်ခဲ့ရကြောင်း၊ ထိုအချက်များသည် ရှမ်းတော်လှန်ရေး ၏အားနည်းချက်ဖြစ်သလို တော်လှန်ရေးပန်းတိုင်မရောက်အောင် ဟန့်တားနေသည့် အတားအဆီးဖြစ်ကြောင်း ထည့်သွင်းပြောဆိုထားသည်။
ထို့ကြောင့်ရှမ်းပြည်သူလူထုများ၊မျိုးချစ်များအနေဖြင့် ရရှိခဲ့သည့်သင်ခန်းစာများအား လေ့လာသုံးသပ်ပြီး အတွေးအခေါ် နှင့် လုပ်ငန်းများကို ပြုပြင်ရမည် ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ယွက်စစ်က ဆိုသည်။
PPV 003
ပုံ-အွန်လိုင်း
#စစ်ရေး
#ကျွန်ဘဝမှလွတ်မြောက်ရေး
#ရှမ်းပြည်သားများအားလုံး
#တော်လှန်ရေးထဲ
#ရဲဝံ့စွာပါဝင်ဆောင်ရွက်ကြဖို့
#ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ
#RCSS
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7