ခမ်းသားငေါဝ်း
မေ ၂၁၊ ၂၀၂၅
https://www.facebook.com/share/p/18TDdcv5x1/
ဖယ်ခုံမြို့တစ်နေရာကို စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်ခဲ့သောကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး နေအိမ် ၃ လုံးပျက်စီးသွားခဲ့ကြောင်း Karenni Human Right Group က ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အရပ်သားပြည်သူများနေထိုင်ရာ တစ်နေရာကို စစ်ကောင်စီက မေလ ၁၂ ရက်နေ့ ည ၄ နာရီဝန်းကျင်အချိန်တွင် လက်နက်ကြီး ၁၂၀ မမ ၊၆ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
အဆိုပါလက်နက်ကြီး ပေါက်ကွဲမှုကြောင့် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးထိမှန်သေဆုံးသွားပြီး လူနေအိမ် ၃ လုံးနှင့် အခြားအဆောက်အဦးများထိခိုက်ပျက်စီးသွားကြောင်းသိရသည်။
ထို့အပြင် မေလ ၂ ရက်နေ့ ည ၃ နာရီခန့်အချိန်တွင်လည်း အရပ်သားများနေထိုင်သည့် ဖယ်ခုံမြို့နယ် တစ်နေရာကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူနေအိမ် ၂ လုံးထိမှတ်ပျက်စီးသွားခဲ့ကြောင်း KnHRG ကဆိုသည်။
” အခုနောက်ပိုင်းစစ်ကောင်စီက ပြည်သူတွေကိုပဲဦးတည်ပြီး တိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်လုပ်လာတယ်၊ တိုက်ပွဲမရှိတဲ့နေရာတွေလည်း ပစ်မှတ်ထားပြီးတိုက်ခိုက်နေတာ၊ လေယာဥ်ဆိုရင် အသံကကြားရတော့ ဗုံးခိုကျင်းထဲပြေးဖို့၊ ပုန်းဖို့အချိန်နည်းနည်းရသေးတယ်၊ လက်နက်ကြီးဆို ကျကွဲမှ သိရတော့ ဘယ်ချိန်ကိုယ့်အပေါ် ကျမလည်းမသိဘူး၊ အဲ့ကြောင့် ကိုယ့်နားမှာ တိုက်ပွဲတွေမရှိလည်း အမြဲကြောက်နေရတယ်” ဟုဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ပြီးခဲ့သောမေလ ၁၄ ရက်နေ့တွင်လည်း ဖယ်ခုံမြို့အနောက်ဖက်ရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီကလေကြောင်းဖြင့်ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့သောကြောင့် စစ်ရှောင်နေအိမ်အချို့ထိမှန်ပျက်စီးသွားသည်။
PPV 003
ပုံ-အွန်လိုင်း
#ဖယ်ခုံမြို့
#အရပ်သားပြည်သူများနေထိုင်ရာ
#လက်နက်ကြီးပစ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7