ခမ်းသားငေါဝ်း

မေ ၂၀ ၊ ၂၀၂၅

https://www.facebook.com/share/p/16aPyxm3gE/

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စန့်စွဲးကျေးရွာရှိ စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်ပူးပေါင်း တပ်ဖွဲ့သည် လယ်သမားတစ်ဦးအား လည်လှီး သတ်ဖြတ်ခဲ့ပြီး နေအိမ် အလုံး(၄၀) ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ မေလ (၂၀)ရက်နေ့၌ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မေလ (၉)ရက်နေ့ညနေတွင် စန့်စွဲ ကျေးရွာအပြင်ရှိ တောင်ယာကို စောင့် နေသောအသက်(၅၄)နှစ် အရွယ် လယ်သမားတစ်ဦးကို စစ်ကောင်စီနှင်PNO ပြည်သူ့ စစ်ပူးပေါင်းတပ်ဖွဲ့တို့က ဖမ်းဆီးပြီး လယ်သမားအား လည်ကိို ဓား ဖြင့်လှီးကာ သတ်ဖြတ်ခဲ့ကြောင်းဆိုသည်။

“ လူ့အခွင့်ရေးမှတ်တမ်းတင်မယ်၊ သက်ဆိုင်ရာနိုင်ငံတကာ အဖွဲ့အစည်းရယ် မိတ်ဖက် အဖွဲ့အစည်းရယ် ပေးပ်ို့သွားမယ်၊ အဓိတော့ ပြည်သူတွေ အနေနဲ့ စစ်ကောင်စီနဲ့တော့ရှိနေတဲ့ နေရာတိုက်ပွဲကြားကနေ အတက်နိုင်ဆုံးကာကွယ်နိုင်မဲ့ သတိထားဖို့ရယ်တိုက်ပွဲကြားဝေးဝေးနေဖို့” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် တာဝန်ရှိသူ တစ်ဦးမှ ခမ်းသားငေါဝ်းကိုပြောသည်။

ထို့အပြင် လယ်သမား၌ ပါလာသည့် ငွေ ကျပ် ၉၇ သိန်းကိုလည်း လုယူခဲ့ကြောင့်ထုတ်ပြန်ရေးသားထားသည်။

ယင်း မနက်ခင်းအချိန်တွင်လည်း စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တို့သည် စန့်စွဲကျေးရွာရှိ နေအိမ်အလုံး (၂၀) ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင့် ဖော်ပြထားသည်။

စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်သည် လယ်သမားတစ်ဦးအား လည်လှီး သတ်ဖြတ်ခြင်း၊ နေအိမ် (၄၀) မီးရှို့ခဲ့ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှဆိုသည်နှင့် ပတ်သက်ပြီး အတည်ပြုနိုင်ရန် ခမ်းသားငေါဝ်း မှ စုံစမ်းနေဆဲဖြစ် ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

“စစ်ကောင်စီက အကြမ်းဖက်မှုတွေကျူးလွန်နေကြပဲဆိုတော့လေ၊ အမှန်ဆိုအကြမ်းဖက်ကျူးလွန်တဲ့သူတွေ စစ်ကောင်စီကို အမြန်ဆုံးအရေးယူနိုင်ဖို့ဘဲ မျှော်လင့်ရမယ်”ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် တာဝန်ရှိသူ မှ ဆက်ပြောသည်။

စန့်စွဲရွာသည် ညောင်ရွှေမြို့ တောင်ပိုင်း ၆၆ ကီလိုမီတာတွင်ရှိပြီး အိမ်ခြေ ၈၀ ကျော်ရှိကြောင်းသိရသည်။

မေလ (၁၀)ရက်မှ (၁၃) ရက်နေ့အထိ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တို့သည် စန့်စွဲကျေးရွာရှိ နေအိမ် (၂၀)လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့်တောင်ပို့ကွဲဘုန်းကြီးကျောင်း (၁)ကျောင်း၊ နားကုန်း ကျေးရွာ ၌နေအိမ် (၃)လုံး ထိခိုက်ပျက်စီး ခဲ့ကြောင့် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ညောင်ရွှေ
#စန့်စွဲကျေးရွ၇ာ
#လယ်သမားတစ်ဦး
#လည်လှီးသတ်ဖြတ်
#နေအိမ်မီးရှို့

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7