ခမ်းသားငေါဝ်း
မေ ၂၀၊ ၂၀၂၅
https://www.facebook.com/share/p/16JJpkWqJm/
ဖယ်ခုံမြို့နယ်၊ ကယန်းဒေသ သိကျိတ်ကျေးရွာအုပ်စုရှိ မြင်းမထိတောင်တွင် သတ္တုတူးဖော်ရေးလုပ်ငန်းနှင့် ပတ်သက်ပြီး ဖမ်းဆီးခေါ်ဆောင်ခံရသည့် ပရာဒေါင်းခေါင်းဆောင်(၄)ဦး မေလ(၂၀)ရက် ယနေ့တွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။
ဒေသအတွင်း သတ္တုတူးဖော်မှုနှင့် ပတ်သက်ပြီး ဒေသခံပြည်သူများ၏ သဘောတူညီမှုမရှိဘဲ ဖော်ဆောင်နေသော လေးပွင့်ကြယ်ကုမ္ပဏီ၏ ဒါရိုက်တာဦးဒါးဝီနှင့် အဖွဲ့မှ မေလ(၁၅)ရက် နေ့လည်(၁၂)နာရီ ဝန်းကျင်တွင် ငြမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသော ပရာဒေါင်းဆွေမျိုးစု ခေါင်းဆောင်များကို ဖမ်းဆီးခေါ်ဆောင်သွားပြီး (၅)ရက်အကြာတွင် ပြန်လည်လွတ်မြောက်လာသည်။
“ဒီလိုသတင်းကို မျှော်နေတာ အခုပြန်လည်လွတ် မြောက်လာကြပြီ သိတော့ စိတ်အေးရပြီ။ နောက်ထပ်ဘယ်လို သဘောတူညီချက်တွေ ရှိမလဲဆိုတာကိုတော့ မသိရသေးဘူး။ စောင့်ကြည့်ရအုံးမှာပါ”ဟု ဒေသခံ(၁)ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ယနေ့မှာ ကယားပြည်သစ်ဗဟိုကော်မတီနှင့် ပရာဒေါင်းဆွေမျိုးစု ဗဟိုကော်မတီတို့ တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ပြီး ဖမ်းဆီးခံခဲ့ရသော ပရာဒေါင်းဆွေမျိုးစု ဥက္ကဌ ခွန်းအောင်နိုင်စိုး၊ ဒုဥက္ကဌ ဦးဘမောင်၊ လူငယ်အတွေးရေးမှူး ခွန်းခိုင်မင်းနိုင်နှင့် နယက ဦးအားဒိုတို့ ဆွေးနွေးညှိနှိုင်းမှုအပြီးတွင် ပြန်လာလွတ်မြောက်လာကြောင်း သိရသည်။
ပြန်လည်လွတ်မြောက်လာသည့် ဆွေမျိုးစု ခေါင်းဆောင်(၄)ဦးကို ဒေသခံပြည်သူလူထုများ ဝမ်းမြောက်စွာ သွားရောက်ကြိုဆိုကြောင်း သိရသည်။
ဖမ်းဆီးခံခဲ့ရသော ပရာဒေါင်းဆွေမျိုးစုခေါင်းဆောင်များ ပြန်လည်လွတ်မြောက်လာဖို့ Kayan Women’s Organization အပါအဝင် အရပ်ဖက်အဖွဲ့အစည်းများစွာ တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။
PPV0011
ပုံ-ပရာဒေါင်းလူမျိုးစုလူငယ်
#လူ့အခွင့်အရေး
#ဖယ်ခုံမြို့နယ်
#ကယန်းဒေသ
#သိကျိတ်ကျေးရွာအုပ်စု
#မြင်းမထိတောင်
#သတ္တုတူးဖော်ရေးလုပ်ငန်း
#ဖမ်းဆီးခေါ်ဆောင်ခံရ
#ပရာဒေါင်းခေါင်းဆောင်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7