ခမ်းသားငေါဝ်း
မေ ၂၀၊ ၂၀၂၅

https://www.facebook.com/share/p/1C9SSScNBe/

သပြေကုန်းကျေးရွာအုပ်စုရှိ ဒေသခံများအတွက် PNO ပြည်သူ့စစ် ဒုစစ်ဦးစီးချုပ် ဦးနေဝင်းထွန်းက ဒံပေါက် ထမင်း လှူဒါန်းခဲ့ကြောင်း မေလ(၂၀)ရက်နေ့တွင် ဒေသခံထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စု (အွိုင်ႏတဖြေကွုံꩻ)အတွင်းရှိ ဒေသခံပအိုဝ်းပြည်သူများအတွက် ဦးနေဝင်းထွန်းက မေလဒုတိယပတ်တွင် ဒံပေါက်ထမင်းတစ်နပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

“အခုကဘာအတွက် လာလှူပေးတာလည်းတော့မသိဘူး ခါတိုင်းဆိုကျွန်တော်တို့ရွာသားတွေပဲ သူတို့အတွက်ထမင်းပို့ပေးရတာ ခုထိပါပဲ၊ အရင်တပတ်ကတော့ ဒီသပြေကုန်းရွာအုပ်စု(အွိုင်ႏတဖြေကွုံꩻ)အတွင်း ပအိုဝ်းရွာတွေကို ဖြားနေဝင်းထွန်းက ဒံပေါက်ထမင်းနဲ့ ကြက်သားတစ်တုံးစီ လာလှူပေးတယ် ညနေစာအတွက်ပေါ့” ဟုဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ဦးနေဝင်းထွန်းကိုယ်တိုင် ဒံပေါက်ထမင်းလာလှူပေးခြင်းနှင့်ပတ်သက်ပြီး ဒေသခံများက ကျဆုံးသွားသည့် ရဲဘော်များအတွက်အလှူအဒါန်းပြုလုပ်ပေးခြင်း၊ သို့မဟုတ် ယတြာချေခြင်းများလည်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။

“အိုးအကြီးနဲ့ယူလာတာ ဗူႏနဲ့လူတာမဟုတ်ဘူး ကိုယ့်ပန်းကန်နဲ့ကိုယူလာပြီး တစ်ယောက်တစ်ပန်းကန်ပေးတယ်”ဟု ဒေသခံကခမ်းသားငေါဝ်းကိုပြောသည်၊၊

စံကားဒေသတောင်ဘက်တွင် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ဒေသခံများသည်လည်း ရွာတိုင်းအလှည့်ကျ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များအတွက် ထမင်းထုပ်များနေ့စဥ် ပို့ဆောင်ပေးနေရကြောင်း သိရသည်။

ပုံ-အွန်လိုင်း
#PPV007
#ညောင်ရွှေမြို့နယ်
#သပြေကုန်းကျေးရွာအုပ်စု
#အွိုင်ႏတဖြေကွုံꩻ
#ဒေသခံပအိုဝ်းပြည်သူများ
#ဦးနေဝင်းထွန်း
#ဒံပေါက်ထမင်းတစ်နပ်လှူဒါန်း

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7