ခမ်းသားငေါဝ်း
မေ ၂၀၊ ၂၀၂၅

https://www.facebook.com/share/p/15giuoYtV2/

တိုက်ပွဲ ဖြစ်ပွားနေသောဆောင်းပြောင်းကျေးရွာတွင် ဒေသခံနေအိမ် ၅ လုံးမီးရှို့ဖျက်ဆီးခံရကြောင်း သေခံများထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ဆောင်းပြောင်းကျေးရွာတိုက်ပွဲအတွင်း မေလ ၁၈ ရက်နေ့တွင် ရွာသားနေအိမ် ၅ လုံးမီးရှို့ဖျက်ဆီးခံရကြောင်းသိရသည်။

“အဝေးကနေလှမ်းမြင်နေရတယ်။ ညနေ ၅ နာရီမှာစလောင်နေတာ မီးငြိမ်းပေးမယ့်သူလည်းမရှိဘူး အိမ် ၅ လုံးက မီးလောင်နေပြီးမီးခိုးငွေ့တွေထွက်နေတာ။ညီမတို့အိမ်အနီးတစ်ဝိုက်ဘဲ လောင်နေတာ။တိုက်ပွဲကဖြစ်နေတော့ ရွာထဲလည်း ဘယ်သူမှမဝင်ရဲဘူး။မီးလောင်တာမြင်နေပေမယ့် မီးပြန်မငြိမ်ရဲကြဘူး”ဟု ရွာသားတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

မီးရှို့ဖျက်ဆီးခံရသောနေအိမ်များသည် ဆောင်းပြောင်းဘုန်းကြီးကျောင်းအနီးတစ်ဝိုက် နေအိမ်များဖြစ်ပြီး မည်သူက ရှို့သွားသည်ကို မသိရကြောင်းပြောသည်။

“ရွာသားတွေ ထွက်ပြေးတုန်း တိုက်ပွဲဖြစ်တုန်းတော့ရွာမှာ PNO ရှိတယ်၊ဗမာစစ်သားတွေရှိတယ်။ ဘုရားတောင်ပေါ်တော့ PDF တွေရှိတယ်။ ခုအိမ်မီးလောင်တော့ရွာထဲမှာ ရွာသားတွေမရှိတော့ဘူး”ဟု ၄င်းကဆက်ပြောသည်။

ဆောင်းပြောင်းကျေးရွာတွင် မေလ ၁၇ ရက်နေ့ မနက် ၄ နာရီအချိန်ကစပြီး စစ်ကောင်စီ၊PNOပြည်သူ့စစ်နှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေသဖြင့် ရွာခံ ၂ ထောင်ကျော် ကျေးရွာစွန့်ပြီး ဘေးကင်းရာ ထွက်ပြေး ခဲ့ရကာ ယခုတွင်စားနပ်ရိက္ခာ၊ ကျန်းမာရေးရှောင်းရှောက်မှုများလိုအပ်လျက်ရှိကြောင်းသိရသည်။

PPV005
ပုံ-Cj
#လူ့အခွင့်အရေး
#ပင်လောင်း
#ဆောင်းပြောင်းကျေးရွာ
#ဒေသခံနေအိမ်
#မီးရှို့ဖျတ်ဆီးခံရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7