ခမ်းသားငေါဝ်း
မေ ၁၈၊ ၂၀၂၅
https://www.facebook.com/share/p/18v55v7zHm/
စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရက်ပေါင်း (၄၀) ကျော်အတွင်း အရပ်သားပြည်သူ (၂၀)ဦး နှင့် အသက် (၁၈)အောက် ကလေးငယ် (၄)ဦး သေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)မှ ထုတ်ပြန်ထားသည်။
၂၀၂၅၊ ဧပြီ (၁)ရက် မှ မေ (၁၆) ရက်နေ့အထိ နိုင်ငံတဝန်း၌ စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁၀) ဦး၊ အမျိုးသား (၁၄) ဦး စုစုပေါင်း (၂၄) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၄) ဦး ပါဝင်ကြောင့် ဖော်ပြထားသည်။
ထို့ပြင် မေလ ၁၄ ရက်၊ ည ၉ နာရီခန့်အချိန်တွင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရေကြည်ပင်ကျေးရွာကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ်တလုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် Grade(12)ကျောင်းသူတစ်ဦး တရုတ်မကို ကျည်စထိမှန်၍ သေဆုံးခဲ့ကြောင့် ထုတ်ပြန်ထားသည်။
စစ်ကောင်စီ အာဏသိမိးပြီးချိန်မှစ၍ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နေ့မှ ၂၀၂၅ ခုနှစ် ၊မေ ၁၆ ရက်အတွင်း စစ်ကောင်စီ၏ လက်ပါးစေများကြောင့် သေဆုံးရသူ စုစုပေါင်း (၆၇၀၀)နီးပါး ရှိနေပြီးကြောင့်ကို အေအေပီပီစာရင်း အရ တွေ့ရှိရသည်။
PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#လက်နက်ကြီးပစ်ခတ်မှု
#အရပ်သားပြည်သူ
#ကလေးငယ်
#နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
#အအပေီပီ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7