ခမ်းသားငေါဝ်း

မေ ၁၈၊ ၂၀၂၅

https://www.facebook.com/share/p/1KTLkmjsZp/

ဆောင်းပြောင်းတွင် တိုက်ပွဲပြင်းထန်နေပြီး PNO ပြည်သူ့စစ်မှ စစ်သား စုဆောင်းခံရသည့် တင်းထက်ရွာသားနှစ်ဦးသေဆုံးသွားကြောင်း ဒေသခံများထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ဆောင်းပြောင်းကျေးရွာတွင် မေလ ၁၇ ရက်နေ့၌ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး PNO ဖက်မှ စစ်သားအဖြစ် စုဆောင်းထားသော တင်းထက်ရွာမှ လူငယ်နှစ်ဦးသေဆုံးခဲ့ရကြောင်းသိရသည်။

“သူတို့နှစ်ယောက်က အသက်၂၀ ကျော်တွေဖြစ်တယ်။ PNO သင်တန်းခေါ်ပြီး ပါသွားတာ ခုတော့ ဆုံးသွားပြီတဲ့ မိဘတွေကိုဘဲသနားတယ်။”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

သေဆုံးသူများသည် ခွန်ရာဇာနှင့် ခွန်လွင်မိုးတို့ဖြစ်ပြီး၂၀၂၃ ခုနှစ် PNO ခေါ်သောစစ်သင်တန်းတွင် တက်ရပြီးနောက် ရှေ့တန်း သွားရကြောင်းသိရသည်။

ဆောင်းပြောင်းကျေးရွာတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေဆဲဖြစ်ပြီး ဒေသခံရွာသားအကုန်လုံးလည်း ထပ်မံပြီး စစ်ဘေးတိမ်းရှောင်ခဲ့ရကာ မေလ ၁၇ ရက်တစ်ရက်တည်းကိုပင် စစ်ကောင်စီက လေယာဉ်ဖြင့် ၄ ကြိမ်လာရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ယခုတွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်သောကြောင့်တော်လှန်ရေးဖက်၊စစ်ကောင်စီ၊ PNO ပြည်သူ့စစ်ဖက် နှစ်ဖက်စလုံး အထိခိုက်များနိုင်ကြောင်း သတင်းရင်းမြစ်တစ်ဦးကပြောသည်။

#PPV005
ပုံ-အွန်လိုင်း
#စစ်ရေး
#ပင်လောင်းမြို့နယ်
#ဆောင်းပြောင်းကျေးရွာ
#တိုက်ပွဲပြင်းထန်စွာဖြစ်ပွား
#စစ်သားအဖြစ်စုဆောင်းထား
#တင်းထက်ရွာမှလူငယ်နှစ်ဦး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7