ခမ်းသားငေါဝ်း
မေ ၁၈၊ ၂၀၂၅
မန္တလေး ၊ကျောက်ဆည် ဗဟိုပြု လှုပ်ခတ်ခဲ့သည့် အင်းအား (၅.၂) ငလျင်သည် မေလ (၁၇)ရက်နေ့ ညနေ (၁၀)ခွဲခန့် အချိန်တွင် မန္တလေးမြို့ ကျောက်ဆည်အပြင် ရှမ်းပြည်တောင်ပိုင်းအထိ လှုပ်ခတ်ခဲ့ကြောင်းသိရသည်။
၂၀၂၅ခုနှစ် ၊ မေလ (၁၇)ရက်နေ့ ညနေ (၁၀)ခွဲခန့်အချိန် ၌ မန္တလေးကျောက်ဆည် ဗဟိုပြု လှုပ်ခတ်ခဲ့သည့် ငလျင် အင်အား ရစ်ချ် တာ စကေး(၅.၂) အဆင့်ရှိသည့်ငလျင်သည် မန္တလေးမြို့ အပြင် ရှမ်းတောင်ရှိ တောင်ကြီး၊ ကလော ၊ အောင်ပန်း၊ ရွာငံ စသည့် မြို့အသီးသီးတို့၌ လှုပ်ခတ်ခဲ့သည်။
“အဲ့ ခါနေတာဘာဖြစ်တုန်းပေါ့၊ ကားထင်နေတာ ၊ ကားက အိမ်အရှေ့မှာ အကျယ်ကြီး ဘာဖြစ်တုန်းပေါ့ကားကြောင့်ခါတာ ပေါ့ထွက်ကြည့်တာ၊ အဲ့တာ အိပ်ယာနားလဲနေလည်း ကျောကုန်းနား ခါ၊ အဲ့တာနှစ်ခေါက်လှုပ်တာ တစ်ခေါက်ဘဲ သိလိုက်တယ်၊ လန့်သွားတယ် ကားများလာကြုံတာလာပေါ့ ၊ ကားကလည်း ဆူညံနေတော့ ”ဟု တောင်ကြီး ဒေသခံတစ်ဦးမှပြောသည်။
၎င်း ငလျင်သည် ပြီးခဲ့သည့်မတ်လ (၂၈)ရက်နေ့ ၌ လှုပ်ခတ်ခဲ့သည် (၇.၇) အဆင့်ရှိသည် ငလျင်ကြီးပြီးရင် ဒုတိယမြောက် အင်းအားအကြီးဆုံး ငလျင်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက် မိုးလေဝသနှင့်ဇလဗေဒကထုတ်ပြန်ထားသည်၊၊
ပြည်သူအများစုများမှာ ငလျင်ကြောင့် အိမ်ပြင်သို့ ထွက်နေကြရပြီး မတ်လ (၂၈)ရက်နေ့ ငလျင်ပြီးလျင်အကြီးဆုံးနှင့် အကြာဆုံး ငလျင်ဖြစ်ကြောင်း သိရသည်၊၊
၎င်း ငလျင်သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အနောက်တောင်ဘက် ၁၄ မိုင်ခန့်အကွာ ၊ အနက် (၁)ကီလိုမိတာ ဗဟိုပြု လှုပ်ခတ် သွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဆိုသည်။
PPV0013
ပုံ-အွန်လိုင်း
#မိုးလေဝသ
#မန္တလေး
#ကျောက်ဆည်
#ဗဟိုပြုလှုပ်ခတ်ခဲ့သည့်ငလျင်
#ရှမ်းပြည်တောင်ပိုင်းအထိလှုပ်ခတ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7