ခမ်းသားငေါဝ်း
မေလ ၁၈၊ ၂၀၂၅
https://www.facebook.com/share/p/1DkgN7LVCU/
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် ထမ်ဆန်းဂူအကျော် ၂ မိုင်အကွာလမ်းပိုင်းတွင် ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ညပိုင်း (၁၀) နာရီမှ စ၍ ခေတ္တ လမ်းပိတ်ထားမည် ဖြစ်ကြောင်း သတင်း ကြားသိရသည်။
နေမင်းရောင် ဆောက်လုပ်ရေးကုမ္ပဏီလီမိတက် မှ တာဝန်ယူဆောင်ရွက်လျက် ရှိသည့် တောင်ကြီး – လွိုင်လင် – နမ့်စန် လမ်းပိုင်း မိုင်တိုင်အမှတ် ၁၄၃/၅ နှင့် ၁၄၃/၆ အကြား (ထမ့်ဆန်းဂူအကျော် ၂ မိုင် ခန့် အကွာ) ရှိ မြေပြိုတောင်အား မေလ ၁၂၀ ရက်မှ ဇွန်လ ၃ ရက် အထိ ၊ ဆယ့်ငါးရက်တာ ကာလအတွင်း တောင်ပြိုမြေ ရှင်းလင်း ဆောင်ရွက်ခြင်း လုပ်ငန်းအား လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း လမ်းအသုံးပြုသူများထံ ကြိုတင် အသိပေးခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ထိုနေ့ရက်များဖြစ်သော မေလ ၂၀ ရက်မှ ဇွန်လ ၃ ရက် အထိ ၊ ဆယ့်ငါးရက်တာ ကာလအတွင်း မော်တော်ယာဉ် ဖြတ်သန်းမှုများအား မိုင်တိုင် အမှတ် ၁၃၈/၄ မိုင် (မိုးမင်းသား စားသောက်ဆိုင်၊ နောင်ခါးရွာ အနီး) မှ မိုင်တိုင် အမှတ် ၁၄၄/၃ မိုင် (မြရတနာ စားသောက်ဆိုင် ၊ လွယ်၀ိုးတုတ်ရွာ အနီး) ထိ နေ့စဉ် ည ဆယ်နာရီမှ နံနက် ၄ နာရီ အထိ သွားလာဖြတ်သန်းခွင့် ပိတ်ပင်ထားမည် ဖြစ်ပါကြောင်းသိရ သည်။
“အခု အဲ့လမ်းက တောင်ပြိုတော့ လမ်းတွေ ပိတ်နေတာပဲ၊ အရင်ရက်က ကားသွားတာ တန်းစီ စောင့်နေရတယ်။ လူနာတင်ယာဉ် အရေးပေါ် ယာဉ်လောက်ပဲ ပေးဖြတ်တယ်။ ကားတွေ အများကြီး တန်းစီနေတာ မြင်ရတယ်။ အခု အဲ့ တောင်ပြို လမ်းပိုင်း ကို ပြန်လည် ပြင်ဆင်ရေး ဆောင်ရွက်မှာမို့ ညပိုင်း ပိတ်ထားပြီး နေ့ပိုင်းတော့ သွားလို့ ရမယ်လို့ သိရတယ်။” ဟု လမ်းအသုံးပြုသူ တစ်ဦးက ဆိုသည်။
ထို လွိုင်လင် – တောင်ကြီး လမ်းပိုင်းတွင် ယာဉ် ကြော ကြပ်တည်းမှု ရှိခြင်းကြောင့် ကားငယ် မောင်းသမား များသည် ကျောက်တန်း – ပင်လုံ လမ်းပိုင်းကို ရွေးချယ်မောင်းနှင်ကြပြီး၊ ထို ကျောက်တန်း – ပင်လုံ လမ်းပိုင်းသည် အတက်အဆင်းများသဖြင့် မသွားဖူးလျှင် အလွန် အန္တရာယ်များသော လမ်းပိုင်း ဖြစ်ကြောင်း ယာဉ်မောင်းသမား များက ဆိုသည်
#PPV-006
#လမ်း
#ဟိုပုံး
#လွိုင်လင်
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။