ခမ်းသားငေါဝ်း
မေလ ၁၇၊ ၂၀၂၅

https://www.facebook.com/share/p/1Ak1ipa62u/

ကယန်းပြည်သစ်အဖွဲ့မှ ဖမ်းဆီးထားသည့် ပရာဒါင်းဆွေမျိုးစု ခေါင်းဆောင် ၄ ဦးအား မည်သည့်ထိခိုက်မှုမှမရှိဘဲ အမြန်ဆုံးပြန်လွတ်ပေးရန် ကယန်းမျိုးဆက်သစ်လူငယ် (KNGY) နှင့် ကယန်းအမျိူးသမီးအစည်းအရုံး (KYWO ) တို့က တောင်းဆိုထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာ အုပ်စုရှိ မြင်းမထိတောင်တွင် သဘာ၀ပါတ်၀န်းကျင်ကိုထိခိုက်စေသည့် သတ္တုတူးဖော်ရေးလုပ်ငန်းများကို ဒေသခံများ၏ သဘောတူညီချက်မရှိဘဲ လေးပွင့်ကြယ် ကုမ္ပဏီ နှင့် တရုတ်မစ္စတာ၀မ် ကုမ္ပဏီတို့က ၅ နှစ်စာချုပ်ချုပ်ထားခဲ့ကြောင်းသိရသည်။

အဆိုပါကိစ္စ နှင့်ပါတ်သက်ပြီး ပရာဒေါင်းလူမျိုးစုတို့ ဆန္ဒပြ ကန့်ကွက်ခဲ့ရာ ပရာဒေါင်း ဆွေမျိုးစု ဥက္ကဌ ခွန်းအောင်နိုင်စိုး၊ ဒု ဥက္ကဌ ဦးဘမောင်၊ လူငယ်အတွင်းရေးမှူး ခွန်းခိုင်မင်းနိုင် နှင့် နယာက ဦးအားဒိုတို့အား တွေ့ဆုံညှိနှိုင်းရန်အကြောင်းပြချက်ဖြင့် ခေါ်ယူပြီး ကယန်းပြည်သစ်အဖွဲ့မှ လက်ထိပ်ခတ်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

ထို့ကြောင့် ကယန်းပြည်သစ်အနေဖြင့် အဆိုပါ ကိစ္စရပ်များကို အပြုသဘောဆောင်အပြန်အလှန်ညှိနှိုင်းမှုများကို အလေးထားရန်၊ ဒေသခံလူထုများ၏ အသံနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကိုအလေးထားရန် KNGY နှင့် KyWO တို့ကတောင်းဆိုထားသည်။

” ဒီလိုဆုံးဖြတ်ချက်အမှားမျိုးမလုပ်မိဖို့လိုမယ်၊ လူထုယုံကြည်မှုကို မဖျက်စီးဖို့ လိုအပ်တယ်၊ ပြဿနာတွေပို ကြီးကြီးမားမားမဖြစ်လာခင် ဖမ်းထားတဲ့ လူတွေကိုအမြန်ဆုံးပြန်လွတ်ပေးပါလို့ပြောချင်တယ်၊ ဒေသခံတွေနဲ့အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေလုပ်ပြီး ဒီကိစ္စကို ဖြေရှင်းစေချင်တယ် ” ဟု ကယန်းလူမျိုး ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ဒေသခံများ ပြည်သူများလည်း အဆိုပါ ဖမ်းဆီးထားသော ပရာဒေါင်းဆွေမျိုစု ခေါင်းဆောင်များကို အမြန်ဆုံးပြန်လွတ်ပေးရန် တောင်းဆိုနေကြသည်။

အထက်ပါလုပ်ရပ်များသည် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး အရပ်သားပြည်သူများအတွက် လုံခြုံရေးအရ ကြီးမားသောခြိမ်းခြောက်မှုဖြစ်စေသည့်အပြင် လူ့ဂုဏ်သိက္ခာ နှင့် ဆန့်ကျင်သောလုပ်ရပ်အဖြစ်မှတ်ယူကြောင်း KNGY နှင့် KYWO ကထုတ်ပြန်ထားသည်။

#PPV 003
#Humanright
#ပရာဒေါင်းလူမျိုးစု
#KNGY
#KYWO

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။