ခမ်းသားငေါဝ်း
မေလ ၁၆၊ ၂၀၂၅
https://www.facebook.com/share/p/1CBak86tFz/
ရှမ်းပြည်နယ် အရှေ့ပိုင်း စစ်ကောင်စီနှင့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ရာ မိုင်းဆတ်မြို့၊ မိုင်းယွန်းဒေသတွင် မြေရှားသတ္တုတူးဖော်နေသည်ကို တွေ့ရကြောင်း မေလ(၁၅)ရက်က ရှမ်းလူ့အခွင့်အရေးမဏ္ဌိုင် (SHRF)က ထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင် ဂြိုလ်တုဓာတ်ပုံများအရ ချင်းမိုင်ခရိုင် မယ်အိုင်းနှင့် မျက်နှာချင်းဆိုင်ရှိပြီး ထိုင်းနယ်စပ်မြောက်ပိုင်းမှ ၂၅ ကီလိုမီတာ(၁၅)မိုင်ကျော်သာ ကွာဝေးသော မိုင်းဆတ်မြို့တောင်ဘက် မိုင်းယွန်းဒေသ မြေရှားသတ္တုတွင်း (၂)ခု၏ ပုံရိပ်ကို ထင်ရှားစွာ ဖော်ပြထားသည်။
ထိုမြေရှားသတ္တုတွင်းမှ စွန့်ပစ်သော စွန့်ပစ်ပစ္စည်းများသည် နမ့်ခုတ်မြစ်အတွင်းသို့ စီးဝင်သောကြောင့် နယ်စပ်နှစ်ဖက်လုံးရှိ မြစ်အောက်ပိုင်းနေ ဒေသခံပြည်သူများ၏ ကျန်းမာရေး ဆိုးရွားစွာ ထိခိုက်လာမည်ကို စိုးရိမ်ကြောင်း ထုတ်ပြန်ထားသည်။
ဂြိုလ်တုဓာတ်ပုံမှတ်တမ်း ပုံဟောင်းများအရ နမ့်ခုတ်မြစ်အရှေ့ဘက်မှ (၄)ကီလိုမီတာ ကွာဝေးသော အဆိုပါ မြေရှားသတ္တုတွင်းမှာ (၂၀၂၃)ခုနှစ် နှစ်လယ်ပိုင်မှာ စတင်ခဲ့ခြင်း ဖြစ်ပြီး နမ့်ခုတ်မြစ်မှ (၂)ကီလိုမီတာ ကွာဝေးသော မြေရှားသတ္တုတင်းမှာမူ (၂၀၂၄)နှစ်လယ်ပိုင်းမှာ စတင်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
မိုင်းယွန်းဒေသရှိ မြေရှားသတ္တုတွင်းများတွင် နမ့်ခုတ်မြစ်အတွင်းသို့ အဆိပ်များစွန့်ထုတ်နေပြီ ဖြစ်ရာ ရွှေတွင်းများကြောင့် ရှိနေနှင့်ပြီးသား ဖြစ်သော ညစ်ညမ်းမှုများထက် ပိုမိုဆိုးရွားနိုင်ကာ ရှမ်းပြည်တောင်ပိုင်းနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ဒေသခံများ၏ ကျန်းမာရေးကို ခြိမ်းခြောက်နေကြောင်း ဖော်ပြထားသည်။
မြေရှားသတ္တုတူးဖော်မှုနှင့် ဖြစ်ပေါ်လာနိုင်သော နယ်စပ်ဖြတ်ကျော် သက်ရောက်မှုများမှာ နယ်စပ်နှစ်ဘက် (၂)နိုင်ငံလုံးရှိ တာဝန်ရှိသူများမှ အဆောတလျင်စုံစမ်းရန် လိုအပ်နေပြီး သတ္တုတူးဖော်မှုနှင့် ပတ်သက်နေသော အချက်အလက်အားလုံးကို အများပြည်သူသိရှိစေရန် ထုတ်ဖော်ပြသရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။
#PPV011
#မြေရှားသတ္တု
#မိုင်းယွန်းဒေသ
#မိုင်းဆတ်
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။