ခမ်းသားငေါဝ်း
မေလ ၁၆၊ ၂၀၂၅

https://www.facebook.com/share/p/16XZJdPzbh/

မြန်မာနိုင်ငံပြည်တွင်းတွင် အလုပ်အကိုင် ကြပ်တည်းမှု ပြဿနာကြောင့် အွန်လိုင်း ငွေလိမ်လုပ်ငန်း လုပ်ကိုင်ရန် ရွေးချယ်သည့် လူငယ် အမျိုးသမီးများ ပျက်စီးမှု များနေကြောင်း မေလ(၁၆)ရက်မှာ သိရသည်။

အွန်လိုင်းငွေလိမ် လုပ်ငန်းအတွက် ခေါ်ယူသည့် ပုံစံသည် casino ၊Online games၊ customer service ၊ Online marketing စသည့် ပုံစံဖြင့် ခေါ်ယူကြပြီး လစာအနေဖြင့် ဝင်ဝင်ချင်း မြန်မာငွေ(၁၅)သိန်း ဝန်းကျင် ရရှိကာ ပညာဗဟုသုတနည်းပါးသည့် မိဘအနေဖြင့် လစာကောင်းသည်ကိုသာ မြင်ပြီး သား၊သမီးကို ထိုလုပ်ငန်းလုပ်ကိုင်ရန် တိုက်တွန်းကြကြောင်း အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်ခဲ့ဖူးသူ ထံမှ သိရသည်။

“အခုနောက်ပိုင်းဆို ပညာတတ် လူငယ်လေးတွေ အများကြီးပါလာကြတယ်။ နှမျောလွန်းလို့ပါ။ နိုင်ငံခြားသားတွေကို ရင်းနှီးမြုပ်နှံလာအောင် လုပ်ရတယ်။ ငွေရပြီဆို Block ရတယ်။ ကြာရင် ‌လိမ်နိုင်မှ ပိုက်ဆံရတယ်။ မလိမ်နိုင်ရင် ရိုက်နှိက်ခံရတယ်။ သူဌေးရဲ့ လူယုံတွေမှ အပြင်ထွက်ခွင့်ရတယ်။ ငွေအများကြီး လိမ်နိုင်တဲ့သူဆိုလည်း သူတို့က မလွတ်ချင်တော့ဘူး။ အလုပ်ချိန်က(၁၂)နာရီလောက် လုပ်ရတယ်။ တချို့မိန်းကလေးငယ်တွေဆို နိုင်ငံခြား သားတွေနဲ့ sex Chat လုပ်ရတဲ့အဆင့်အထိရှိတယ်။တရုတ်သူဌေးရဲ့ မုဒိမ်းကျင့်ခံရတဲ့ အထိတောင် ရှိတယ်။ကုမ္ပဏီတိုင်းမဟုတ်ပေမယ့် အများစုက ငရဲလိုပါပဲ”ဟု ငွေလိမ်လုပ်ငန်း လုပ်ကိုင်ခဲ့ဖူးသူ အမျိုးသမီးတဦးက ခမ်းသားငေါဝ်းကို ပြောသည်။

အွန်လိုင်း ငွေလိမ်လုပ်ငန်း လုပ်ကိုင်ရာတွင် English (4) Skill၊ ကွန်ပျူတာ၊ တရုတ်စာ၊ စကား ရသူများကို ဦးစားပေးခေါ်ယူကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အလုပ်အကိုင်ရှားပါးမှု၊ လုပ်ခလစာနည်းပါးမှုတို့ကြောင့် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်ခြင်းသည် မကောင်းသော အလုပ်မှန်း သိသော်လည်း ပေးထားသည့် လစာ မက်လုံးကြောင့် အဆိုပါ လုပ်ငန်းကို လူငယ်များ ရွေးချယ်ကြကြောင်း သိရသည်။

ရှမ်းတောင် လူငယ်အမျိုးသမီးတစ်ဦးလည်း”ကျွန်မတို့ဖက်က မိဘတွေဆို ပိုဆိုးတယ်။ သူများသားသမီး အဲ့လိုလုပ်တော့ ပိုက်ဆံအများကြီးရတယ်။ နင်တို့က ပညာတတ်ဖြစ်ပြီး လစာ (၄/၅) သိန်းလောက် အလုပ်ကို လုပ်ကိုင်နေကြတာ။ အဲ့အလုပ်သွားလုပ်ပါလား။ကားတွေလည်း ဝယ်နိုင်တယ်ဆိုပြီး နှိမ်သလို ပြောကြတယ်။ အိမ်ကောင်း ကောင်း နေနိုင်တယ်ဆိုပြီး သူတို့သား၊သမီး အဲ့လို အလုပ်မှာ လုပ်နေရင် ဂုဏ်ယူနေကြတယ်”ဟု ခမ်းသားငေါဝ်းကို ပြောသည်။

ရှမ်းမြောက်နှင့် ရှမ်းတောင်ဒေသတွင် နေထိုင်ကြသည့် လူငယ်များသည် အဆိုပါ အလုပ်လုပ်ကိုင်ရန် လောက်ကိုင်မြို့၊ မြဝတီမြို့သို့ သွားကြသူများစွာ ရှိပြီး လုပ်ငန်းတွင် သတ်မှတ်ထားသည့်အတိုင်း မလုပ်နိုင်သူများကို ရိုက်နှိက်ခံရကြောင်း၊ ကျည်စက်ဖြင့် နှိပ်စက်ခံရကြောင်း၊ အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ လုံခြုံရေး လုပ်ကိုင်နေသူထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ကျားဖြန့် အွန်လိုင်းငွေလိမ် လုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင်၊ မြန်မာနိုင်ငံသားများစွာ ဖမ်းဆီးခံရမှု ရှိခဲ့သော်လည်း ပပျောက်ခြင်းမရှိဘဲ နေရာရွှေ့ပြောင်း လုပ်ကိုင်မှု ပိုမိုများပြားလာကြောင်း သိရသည်။

photo online

#PPV0011
#Humanright
#ငွေလိမ်လုပ်ငန်း
#လူငယ်
#ကျားဖြန့်

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။