ခမ်းသားငေါဝ်း
မေလ ၁၆၊ ၂၀၂၅

https://www.facebook.com/share/p/1AX8ZXBz3y/

ညောင်ရွှေမြို့နယ် အင်းတောင်ပိုင်း တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၁၈ ဦးထက်မနဲသေဆုံးပြီး သေနတ် ၄ လက် နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဖယ်ခုံ PDF 1006 တပ်ရင်းမှ မေလ ၁၆ ရက်က ထုတ်ပြန်လာသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ရေပူကျေးရွာကို မေလ ၁၃ ရက်နေ့တွင် စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်တို့ စစ်ကြောင်းထိုးချီတက်လာသောကြောင့် တော်လှန်ရေးအင်အားစုများ နှင့် တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ ၁၈ ဦးထက်မနဲသေဆုံးပြီး MA 3 သေနတ် ၃ လက်၊ MA 1 သေနတ် ၁ လက် နှင့် ခဲယမ်းများသိမ်းဆည်းရမိကြောင်း သိရသည်။

၎င်းတိုက်ပွဲအတွင်းတွင်လည်း တော်လှန်ရေးတပ်ပေါင်းစုဘက်မှလည်း ရဲဘော်တစ်ဦး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကျဆုံးသွားကြောင်းဆိုသည်။

စစ်ကောင်စီက စစ်ကြောင်းထိုးလာပြီး တော်လှန် ရေးတပ်များဘက်မှ အင်းလေး PDF (1009 တပ် ရင်း)၊ ဖယ်ခုံ PDF (1006 တပ်ရင်း)၊ ပျားစစ်ကြောင်းနှင့် အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့တို့ နှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်သည် တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် နယ်မြေများကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ရေးများဖော် ဆောင်ရာတွင် လေကြောင်း၊ လက်နက်ကြီးများဖြင့် အဆင်မပြတ်ပစ်ခတ်ကာ ပြည်သူများကိုလည်း ပစ်မှတ်ထားတိုက်ခိုက်မှုများပြုလုပ်နေသောကြောင့် ပြည်သူများထိခိုက်ဒဏ်ရာရရှိမှုများ ရှိကြောင်း ဖယ်ခုံ PDF 1006 တပ်ရင်းက ထုတ်ပြန်ထားသည်။

#PPV 003
#တိုက်ပွဲ
#ညောင်ရွေမြို့နယ်
#အင်းတောင်ပိုင်း

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။