ခမ်းသားငေါဝ်း
မေလ ၁၅၊ ၂၀၂၅

https://www.facebook.com/share/v/16S27hx6vW/

တောင်ကြီးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး အုတ်တံတိုင်း ပြိုကျ၍လူ( ၂ )ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့ရှိ ဦးကြီးခမ်းရပ်ကွက် ၊ ဂုဏ်ထူးလမ်းတွင် မေလ (၁၅) ရက် ညနေပိုင်းက မိုးရေကြီးပြီးအုတ်တံတိုင်းပြို၍ လူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်းကို သွေးလှူရှင်အသင်းထံ သိရသည်။

“မိုးလည်းအရမ်းကြီးပြီး အဲ့ဘက်အနိမ့်ပိုင်းဖြစ်တော့ ၊ ဦးကြီးခမ်းနား အုတ်တံတိုင်း ပြိုကျတော့ အထဲမှာ ဆရာမ (၁၀)ယောက် ပိတ်မိနေတာပေါ့ ၊ ပိတ်မိနေတော့ အဲ့ကနေ (location)အကူအညီနဲ့ လှန်တောင်းပြီး ကျွန်​တော်တို့ မီးသတ်ကိုအရင် လွှတ်လိုက်တယ် ၊ကျွန်တော် တို့နောက်ကနေ လိုက်သွားတယ် ပေါ့နော် ၊ အခုလူနာပေါ်လာတော့ အဲ့လူကိုစစ်စံထွန်းဆေးရုံလာပို့နေတာပါ၊ အရင်ဆုံးလူနာတစ်ယောက်တော့ မမှီလိုက်ဘူး၊ အခုကနောက်တစ်ယောက်က ခြေထောက် ကွဲသွားတာလာချုပ်နေတာဗျာ “ဟုတောင်ကြီးသွေးလှူရှင်အသင်းက ခမ်းသားငေါဝ်း ကို ပြောသည်။

မီးသတ် ဖွဲ့များကရေကြီးသည့် နေရာအတွင်းအိမ်၌ ပိတ်မိနေသည့် လူများကို အပြင်ထွက်လာနိုင်ရန်ကူညီဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။

ဒေသခံတစ်ဦးက“ အရင်နှစ်တုန်းကလည်း ဖြစ်တယ်ကြားတယ် အဲ့ဘက်လေ ၊ ဦးကြီးခမ်းက အနိိမ့်ပိုင်းလေ ၊ မိုးတိတ်သွားတဲ့အချိန်တောင်မှာ ရေက ဒူးဆစ်ကျော်ကျော်လောက်မှာကျန်နေသေးတယ် ၊ မြောင်းလည်းဖြစ်မယ် လမ်းလည်းဖြစ်မယ် ဗျာ၊လမ်းကြတော့ သူက လုံးဝအတည်မဟုတ်ဘဲ အောက် ကိုချိုင့်ဝင်ပြီးတော့ အဲ့လို့ (ပ) ပုံစံ သွားနေတော့လေ” ဒေသခံတစ်ဦးမှ ပြောသည်။

ရေကြီးရေလျှံခြင်းကြောင့် တောင်ကြီး တွင် အုတ်တံတိုင်း ပြိုလဲခဲ့ခြင်း၊ လမ်းပေါ်တွင်လည်း ဒူးဆစ်မြုပ်သည်အထိ ရေလျှံခဲ့သဖြင့် မော်တော်ကား ၊ မော်တော်ဆိုင်ကယ်များလည်း ရေနစ်မြုပ်ခဲ့ခြင်းကြုံရကြောင်းသိရသည်။

#ppv013
#ရေကြီးရေလျှံမှု
#တောင်ကြီး
#ဒဏ်ရာရ

video credit

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။