ခမ်းသားငေါဝ်း
မေလ ၁၅၊ ၂၀၂၅
https://www.facebook.com/share/p/169nnVNeiN/
တောင်ကြီးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် အုတ်တံတိုင်း ပြိုကျခြင်း ၊ လမ်းရေကျော်ခြင်း ၊ နေအိမ်တွင်း ရေဝင်ခြင်းများ ကြုံတွေ့ နေရကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် မေလ ၁၅ ရက် ညနေပိုင်း ၄ နာရီ အချိန်ခန့်က မိုး သည်းထန်စွာ ရွာသွန်းခြင်းကြောင့် မြစံပယ် ခန်းမ အောက်ဘက် လမ်းကြား ဦးကြီးခမ်းရပ် ၊ ဂုဏ်ထူးလမ်းတွင် ရေကြီး ရေလျှံမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
“ဂုဏ်ထူးလမ်း ၊ မြစံပယ်လမ်းကြားမှာတော့ အုတ်တံတိုင်း ပြိုကျသွားတယ်။ ရေက တော်တော်လေး များတယ်။ ရေစီးကြမ်းတယ်။ မိုးကတော်တော်လေး သည်းလိုက်တယ်။ ညနေပိုင်းမှာ ရွာလိုက်တဲ့ မိုးက များတယ်။ အခု ည ၇ နာရီ အထိ တဖွဲဖွဲ ရွာနေတုန်းပဲ။ တချို့ နေအိမ်တွေထဲ ရေဝင်တယ်။” ဟု ဒေသခံ တစ်ဦးက ဆိုသည်။
ဦးကြီးခမ်းရပ်၊ ဂုဏ်ထူးလမ်းတွင် ရေကြီးရေလျှံခြင်းကြောင့် အုတ်တံတိုင်း ပြိုလဲခဲ့ကာ လမ်းပေါ်တွင်လည်း ဒူးဆစ်မြုပ်သည်အထိ ရေလျှံခဲ့သဖြင့် မော်တော်ကား ၊ မော်တော်ဆိုင်ကယ်များလည်း ရေနစ်မြုပ်ခဲ့ရကြောင်း သိရသည်။
ထို့ပြင် တောင်ကြီးမြို့ ရေမြောင်းများ အတွင်း ရေကြီးရေလျှံမှုများကြောင့် အုတ်တံတိုင်းများ ပြိုကျ သွားမည် ကိုပင်ရပ်ကွက်က စိုးရိမ်ရကြောင်း ဆိုသည်။
ထို့ပြင် သီပေါမနန်းဌေး စားသောက်ဆိုင်နှင့် နှင်းဆီလမ်းတွင် ချောင်းရေ လျှံတက်ခြင်း၊ ညောင်ပင်သာ တွင် လည်း လမ်းရေကျော်ခြင်း ဖြစ်နေကြောင်း သိရသည်။
တောင်ကြီးမြို့ ၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီး အလယ်တွင် ကျွန်းမျောတုံးများ ချထားသဖြင့် ရေစီးဆင်းမှု မရှိတော့ဘဲ ရေအိုင်နေသဖြင့် မော်တော်ဆိုင်ကယ်များ ရေဝင်ပျက်စီးကာ မောင်းမရတော့ဘဲ တွန်းပြန် နေရကြောင်း ဆိုင်ကယ်မောင်းသူတစ်ဦးက လည်း ဆိုသည်။
#PPV-006
#ရာသီဥတု
#မိုးသည်း
#တောင်ကြီး
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။