ခမ်းသားငေါဝ်း
မေလ ၁၄၊ ၂၀၂၅

https://www.facebook.com/share/p/1645KV75W3/

တောင်ကြီးမြို့ မြို့မရပ်ကွက်ရုံးရှေ့ တိုက်ခန်းတွင်နေထိုင်သူသည် ဆိုင်ကယ်တစ်လတစ်စီး ခိုးခံနေရကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်တွင် ယခုကာလ၌ ဆိုင်ကယ်ပျောက်မှု နေ့စဉ် ကြုံတွေ့ နေသလို့ တောင်ကြီး ဒေသခံတစ်ဦးမှလည်း နှစ်လအတွင်း ဆိုင်ကယ် (၂)စီးခိုးခံရကြောင်း သိရပါသည်။

“ပျောက်တာ နှစ်လလောက်ပဲရှိသေးတယ် ၊ မြို့မရပ်ကွက်ရုံးရှေ့ တည့်တည့်တိုက် ၉ လွှာမှာနေတာ၊ ဒုတိယတစ်စီးက ၁၅ ရက်ဘဲရှိသေးတယ်၊ယိုးဒယားဘီး HONDA တစ်စီးမော်ဒယ် 2015၊ ဝယ်ထားတာမကြာသေးဘူး ၊ ပထမ တစ်စီးပျောက်သွားတာ နှစ်လရှိပြီး၊တရုတ်ဘီးဆိုမဲ့ သိန်း ၂၀ တန်တယ် ၊ အဲ့တာ အခုဒုတိယ တစ်ဘီးက နှမျောစရာကြီး”ဟု ဆိုင်ကယ်ပျောက်သူတစ်ဦးမှ ခမ်းသားငေါဝ်းကိုပြောသည်။

ယိုးဒယားဘီး HONDA ခိုးခံသည့် ဖြစ်စဉ်သည် အသက် ၂၅ အောက် ဝန်ထမ်းကပ်အပြာ ဆွဲထားသည့် လူငယ်နှစ်ဦးသည် မြို့မရပ်ကွက်ရှိ တိုက်ခန်း အောက်၊ ခေါက်ဆွဲဆိုင်တွင် မနက် ၁၀ နာရီ ကတည်းက လာရောက် ပြီး တိုက်ခန်းရှိ သူငယ်ချင်း ကို လာစောင့် သလိုဖြင့် တိုက်ခန်းတံခါး ဖွင့်ချိန်ကို ချောင်းပြီး ဆိုင်ကယ် ခိုးသွားကြောင်းကိုသိရသည်။

“အဲ့တာ မခိုးခင် အောက်ဆင်းတော့ သူခိုးကရပ်နေသေးတာ မေးကြည့်တော့ ဘယ်သူစောင့်နေလဲဆိုတော့ ၉ လွှာ သူငယ်ချင်းစောင့်နေတာတဲ့၊ သဘော က ဝန်ထမ်းဘဲ လုံးဝသပ်သပ်ရပ်ရပ်ဘဲ ၊ ၂၅ အောက်ပဲရှိသေးတယ် လုံးဝမင်းသားရုပ် ၊ အခုတွေ့ရင်အခုမှတ်မိတယ် ၊ ဦးလေးက ကံဆိုးတာ နှစ်လကိုနှစ်စီးပျောက်တာ အဲ့မှာ အသည်းနာဖို့ကောင်းတယ် “ဟု ၎င်း ကဆက်ပြောသည်။

မေလ ၁၃ ရက်နေ့တွင်လည်း မြကန်သာထဲ၌ ဒေသခံတစ်ဦး ဆိုင်ကယ် ရပ်ထားသည့်ကို ခိုးခံရကြောင်းနှင့် ဆိုင်ကယ်သူခိုးများက စရဖ၊ ရဲ ယောင်ဆောင်ပြီး ဆိုင်ကယ်များကို၎င်း တို့ဆိုင်ကယ်ဟုဆိုကာ ပေါ်တင်လိုက်လံခိုးယူနေ ကြောင်း သိရှိရသည်။

ထိုသို့နေ့စဥ်နှင့်အမျှ ခိုးစိုးလုယက်မှုကြုံတွေ့နေရသော်လည်း အရေးယူဆောင်ရွက်ခြင်းမရှိသလို သူခိုးဖမ်းမိ ခြင်းလည်းမရှိကြောင်းသိရသည်။

#ppv013
#ခိုးမှု
#တောင်ကြီး
#ဆိုင်ကယ်

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

You missed