ခမ်းသားငေါဝ်း
မေ ၁၃၊ ၂၀၂၅
https://www.facebook.com/share/p/1BmNQxjZd7/
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီမှ မေလ(၁၂)ရက်တွင် လေကြောင်းဗုံးကျဲတိုက်ခိုက်မှုကြောင့် ဆရာမအပါအဝင် ကျောင်းသူ၊ ကျောင်းသား (၂၂)ဦး သေဆုံးပြီး (၄၀)ကျော် ဒဏ်ရာရကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီမှ နံနက်(၁၀)နာရီကျော်က စာသင်ကျောင်းပေါ်တည့်တည့်သို့ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်သောကြောင့် ကလေးသူငယ်ကျောင်းသူကျောင်းသား လူမမယ်လေးများ အစုလိုက်အပုံလိုက် ထိခိုက်သေဆုံးခဲ့ကြောင်း ဆိုထားသည်။
လက်ရှိအချိန်မှာ စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုပ်သော လေကြောင်းတိုက်ခိုက်မှု များကြောင့် ပြည်သူများမှာ စိုးရိမ်ထိတ်လန့်စွာ ရှောင်တိမ်းနေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီမှ အပြစ်မဲ့ အရပ်သားပြည်သူများအပေါ် ရက်ရက်စက်စက် လေကြောင်းမှ ပစ်ခတ်သတ်ဖြတ်မှု လုပ်ရပ်ကို နိုင်ငံတကာမှ ထိရောက်စွာ အရေးယူတားမြစ်မှု ပြုလုပ်ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီသည် မေလကုန်အထိ အပစ်ရပ်ကာလ ထပ်တိုးကြောင်း ကြေညာထားသော်လည်း နိုင်ငံတဝန်း လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
PPV0011
ပုံ-အွန်လိုင်း
#စစ်ကိုင်းတိုင်း
#ဒီပဲယင်းမြို့နယ်
#အိုးထိန်းတွင်းကျေးရွာ
#စာသင်ကျောင်း
#လေကြောင်းဗုံးကျဲတိုက်ခိုက်မှု
#ကျောင်းသူကျောင်းသား
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7