ခမ်းသားငေါဝ်း
မေ ၁၂၊ ၂၀၂၅
https://www.facebook.com/share/p/1YAv7zGnm2/
စစ်ကောင်စီတပ်က အပစ်ခတ်ရပ်စဲရေး (၁)လ ထပ်တိုးသော်လည်း တအာင်းဒေသအတွင်း နောင်ချိုမြို့နယ်သို့ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းနှင့် လေကြောင်းဖြင့် နေ့စဉ်အသုံးပြုတိုက်ခိုက်နေကြောင်း တအာင်းတပ်မတော် TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ယနေ့ မေလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ် မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့ထိ သက်တမ်း (၁)လ ပစ်ခတ်ရပ်ဆဲရန် တိုးထားသည့်စစ်ကောင်စီသည် တအာင်းဒေသ နောင်ချိုမြို့နယ်တွင် မေလ (၁၁)ရက် နေ့လယ် ၂ နာရီဝန်းကျင်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တအာင်းတပ်မတော် ရှိရာ ယာပြင်ကျေးရွာအနီးတဝိုက်တွင် လက်နက်ကြီးဖြင့် (၄)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တစ်ဖက်သတ် အပစ်ရပ်ကာလအား နောက်ထပ် (၁)လ သက်တမ်းထပ်တိုးကြောင်း ညီနောင်မဟာမိတ် (၃)ဖွဲ့မှ မေလ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်မှ အပစ်ရပ်သက်တမ်း (၁)လတိုးထားသော်လည်း နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုများရှိသဖြင့် လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ကြောင်း သတိပေးထုတ်ပြန်ထားပါသည်။
PPV0013
ပုံ-အွန်လိုင်း
#စစ်ရေး
#အပစ်ခတ်ရပ်စဲရေး
#တအာင်းဒေသ
#နောင်ချိုမြို့နယ်
#လက်နက်ကြီးပစ်ခတ်ခြင်း
#ဒရုန်းနှင့်လေကြောင်းဖြင့်နေ့စဉ်အသုံးပြုတိုက်ခိုက်နေ
#တအောင်းတပ်မတော်
#TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7