ခမ်းသားငေါဝ်း
မေ ၁၂၊ ၂၀၂၅
https://www.facebook.com/share/p/1BeL4Xrmd1/
ထိုင်းနိုင်ငံတွင် ယခုနှစ်စမှစ၍ Covid-19 ကြောင့် လူပေါင်း ၄ သောင်း ၁ ထောင်၂ ရာနီးပါး ဆေးရုံတင်ထားရပြီး သေဆုံးသူ ၁၅ ဦး ရှိခဲ့ရာ မိုးရာသီနှင့် ကျောင်းပြန်ဖွင့်ချိန်အတွင်း Covid-19 ဖြစ်ပွားမှု မြှင့်တက်လာနိုင်ကြောင်း ရောဂါထိန်းချုပ်ရေးဌာန DDC မှ ထုတ်ပြန်ထားသည်။
ထို့ကြောင့် လာမည့်မိုးရာသီနှင့် စာသင်ကျောင်းဖွင့်လှစ်ချိန်တွင် ပိုမိုပျံ့နှံ့နိုင်သဖြင့် ကိုရိုနာဗိုင်းရပ်နှင့် တုပ်ကွေးရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များကို ဆက်လက်လိုက်နာရန် အကြံပြုထားကြောင်း ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာန (DDC) မှ ထုတ်ပြန်ထားသည်။
အလားတူ ကာလတွင် တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၃ သိန်း ၂ သောင်း သုံးထောင် နီးပါး ရှိပြီး သေဆုံးသူ ၄၃ ဦးရှိကာ ၊မေလ ၄ ရက်မှ ၈ ရက်အတွင်း Covid-19 လူနာ ၇ ထောင်ဦးရှိပြီး တစ်ဦးသေဆုံးကြောင်း သိရသည်။
ယင်းသေဆုံးသူ တစ်ဦးသည် အသက် ၆၀ ကျော် ဖြစ်ကြောင်း ဖော်ပြထားသည်။
၎င်း ကူးစက်ခံရသူ အများစုသည် အသက် ၄ နှစ်အောက် အရွယ်အဖြစ်များပြီး ဒုတိယအများဆုံးကူးစက်ခံရသူ မှာ ၃၀ မှ ၃၉ နှစ်ကြား ဖြစ်ပြီး အသက် ၂၀ မှ ၂၉ နှစ်အရွယ်များသည် ရောဂါကူးစက်မှု တတိယအများဆုံး ဖြစ်နေကြောင်းဖော်ပြထားသည်။
ထို့ကြောင့် ကလေးများ အနေဖြင့် ကြိုတင်ကာကွယ်မှု လမ်းညွှန်ချက်များဖြစ်သည့် ဝေးကွာနေခြင်း၊ မျက်နှာဖုံးများ ဝတ်ဆင်ခြင်းနှင့် လက်ကို မကြာခဏ ဆေးကြောခြင်း ကို လာမည့် သီတင်းပတ်တွင် ကျောင်းအများစုဖွင့်ပြီးနောက် နောက်ဆက်တွဲ ဖြစ်လာမည့် လူစည်ကားသော အခြေအနေများတွင် တင်းတင်းကျပ်ကျပ် လိုက်နာရန် DDC မှ အကြံပြုထားသည်။
ဗိုင်းရပ်စ်ပိုးသည် လူထူထပ်သော နေရာများနှင့် အထူးသဖြင့် မိုးရာသီတွင် ရာသီဥတုကြောင့် ထိုင်းနိုင်ငံတွင် ကူးစက်မှု ဆက်လက်ရှိနေနိုင်ကြောင်း DDC မှ ထုတ်ပြန်ထားသည်။
PPV0013
ပုံ-အွန်လိုင်း
#ထိုင်းနိုင်ငံတွင်
#Covid-19
#ဆေးရုံတင်ထားရသူ
#သေဆုံးသူ
#မိုးရာသီနှင့်ကျောင်းဖွင့်ချိန်
#ရောဂါထိန်းချုပ်ရေးဌာန
#DDC
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7