ခမ်းသားငေါဝ်း
မေလ ၁၀၊ ၂၀၂၅
https://www.facebook.com/share/p/1FqhzVGxjs/
တရားမဝင် ကုန်စည်များ ကို ၂ ရက် အတွင်း အမှုတွဲ ၆၄ မှု ငွေကျပ် သိန်းပေါင်း လေးသောင်း နီးပါး ဖမ်းဆီး ရမိခဲ့ကြောင်းစစ်ကောင်စီ၏ သတင်း ထုတ်ပြန်ချက်အရသိရသည်။
ရှမ်းပြည်နယ်၊ တာချီလိတ်မှ တောင်ကြီးသို မောင်းနှင်လာသည့် ယာဉ် ၁၁ စီးပေါ်မှ ကျပ်သိန်းငါးထောင် နီးပါး တန်ဖိုးရှိ တရားမဝင်ကုန်ပစ္စည်းများကို မေ ၂ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီ ၏ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ထုတ်ပြန်ချက်အရ သိရသည်။
“ဟိုပုံး တပ်နယ်ထဲမှာ ဖမ်းပြီး သိမ်းထားတာ ကြာပါပြီ။ ကုန်ပစ္စည်းရော ယာဉ်ပါ အပါ တခါထဲ ဖမ်းလိုက်တာပါ။ ကုန်စည် ပို့ဆောင်ရေး ဂိတ်တွေ အနေနဲ့ ရတာက နည်းနည်းလေး၊ တရားမဝင် ကုန်စည်တွေ ဆိုရင်တော့ ဘယ်လောက် ရရ မတင်ကြပါနဲ့လို့ ပြောချင်ပါတယ်။” ဟု ကုန်စည်ပို့ဆောင်ရေး ဂိတ် တစ်ခုက ပြော သည်။
ဧပြီလ ၃၀ ရက် နှင့် မေလ ၁ ရက် တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်း မှာ အမှုတွဲ ၆၄ မှု ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း သုံးသောင်းကိုးထောင်ရှစ်ရာ့ငါးဆယ်ကျော် ကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှောင်လမ်း တွင် ကျိုင်းတုံမြို့မှ မိုင်းပြင်းမြို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ လည်းကောင်း၊ ကျိုင်းတုံမြို့ ၊မြို့ရှောင်လမ်း ကျိုင်းဖောင်းကျေးရွာအနီးလမ်းဘေး တစ်နေရာတွင် လည်းကောင်း၊ ရွာငံမြို့နယ်ယုန်တောင် ကျေးရွာအနီး မော်တော်ယာဉ် ၂ စီး ပေါ်မှ လည်းကောင်း ၊ ဟိုပုံးတပ်နယ်တွင် တာချီလိတ်မြို့မှ တောင်ကြီးမြို့သို့ မောင်းနှင်လာသော မော်တော် ယာဉ် ၂၄ စီး ပေါ်မှလည်းကောင်း ၊ မေလ ၁ ရက်တွင် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေး စခန်းတွင် မော်လမြိုင်မြို့မှ ရန်ကုန်မြို့ မောင်းနှင်လာသော မော်တော်ယာဉ် ၂ စီးပေါ်မှ လည်းကောင်း၊ သီလဝါ ဆိပ်ကမ်း ကုန်သေတ္တာ ၂၉ လုံးတွင်းမှ လည်းကောင်း၊ အေးရှားဝေါ ဆိပ်ကမ်း ကုန်သေတ္တာ ၂ လုံး အတွင်းမှ လည်းကောင်း၊ တရားမဝင် လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများ ၊ လူသုံးကုန် ပစ္စည်းများ နှင့် တရားမဝင် ကုန်ပစ္စည်းတင် မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဟိုပုံးတပ်နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ တာချီလိတ်မြိုမှ တောင်ကြီးမြို့သို့ မောင်းနှင်လာ သည့် ယာဉ် ၁၁ စီးကိုစစ်ကောင်စီ၏ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးရာမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၄၁ မျိုး၊ လုပ်ငန်းသုံးပစ္စည်း လေးမျိုး၊ စားသောက်ကုန်ပစ္စည်း ငါးမျိုး ခန့်မှန်တန်းဖိုးငွေကျပ် သိန်းငါးထောင်နီးပါး တို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
#PPV-006
#ကုန်ပစ္စည်း
#တရားမဝင်
#မောင်ခိုပစ္စည်း
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။