ခမ်းသားငေါဝ်း
မေလ ၉၊ ၂၀၂၅

https://www.facebook.com/share/p/16Xb7dKpnL/

မိုး‌‌ဗြဲတိုက်ပွဲတွင် စစ်ကောင်စီက မီးလောင်ဗုံး ကိုဒရုန်းဖြင့်ကြဲချတိုက်ခိုက်ခဲ့ကြောင်း KNDF စစ်ဗျူဟာအမှတ် ၁ ကထုတ်ပြန်ထားသည်။

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲ မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီဖက်မှ အပြင်းအထန် ထိုးစစ်ဆင်နေလျက်ရှိပြီး တိုက်ပွဲအတွင်းတွင်လည်း မီးလောင်ဗုံး၊ အဆိပ်ငွေ့ဗုံးများ ဖြင့် တိုက်ခိုက်နေသည်။

” တိုက်ပွဲထဲမှာကော မြို့ထဲမှာကော မီးလောင်ဗုံးတွေကြဲတယ်၊ မီးလောင်ဗုံးကြောင့် မိုး‌‌ဗြဲမြို့က ပြည်သူနေအိမ်တွေ လောင်သွားတာမနည်းတော့ဘူး” ဟုတော်လှန်ရေးရဲဘော်တစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

မိုးဗြဲမြို့တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီး၊ ဒရုန်းများဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်နေလျှက်ရှိကြောင်းသိရသည်။

ပြီးခဲ့သောရက်ပိုင်းတွင်လည်း စစ်ကောင်စီက မိုးဗြဲမြို့ရှိဘီလူးချောင်းအတွင်းကို အဆိပ်ရည်များလောင်းထည့် ခဲ့သော ကြောင့် ငါးများအစုလိုက်အပြုံ လိုက်သေဆုံးသွားသည့်အပြင် ဘီလူးချောင်းနံဘေး နေထိုင်သော ပြည်သူများအတွက် သောက်သုံးရေ များအခက်အခဲဖြစ်နေကြောင်းသိရသည်။

ထို့အပြင် တိုက်ပွဲအတွင်းတွင်လည်း စစ်ကောင်စီက အဆိပ်ငွေ့များဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့သော တော်လှန်ရေးရဲဘော်များ အဆိပ်ငွေ့ရှူ မိကာ မူး၀ေအော့အန် ခြင်းများ ခံစားနေရကြောင်းသိရသည်။

#PPV 003
#တိုက်ပွဲ
#မိုးဗွဲ
#မီးလောင်ဗုံး

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။