ခမ်းသားငေါဝ်း
မေလ ၈၊ ၂၀၂၅
https://www.facebook.com/share/p/18wA9Bi4W5/
ငလျင်ကြောင့် အင်းလေးဒေသ ယိုင်လဲသွားသည့်နေအိမ်များ ပြန်လည်ထူထောင်ရာ အကူညီလိုအပ်ဆဲဖြစ်ကြောင်းကူညီသူများထံမှသိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေ မြို့နယ် အင်းလေးဒေသ နမ့်ပန်မြို့နှင့် ရွာပေါင်း ၁၈ ရွာမှ နေအိမ် များငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး တစ်လကျော်ကြာ ပြန်လည်ထူထောင်ရေးမပြီးသေးကြောင်းသိရသည်။
“အခုတည့်မတ်ပေးပြီးသွားတဲ့အိမ်ဆို အကာတွေပျက်စီးသွားတဲ့ ဟာဆိုပြန်ပြင်ဖို့ရှိမယ်၊ အဲ့ကြရင် သစ်လိုတယ်”ဟု အင်းလေး ပရဟိတလူငယ်တစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
အိမ်ပြန်တည်မတ်ရာတွင် ကြားခံအနေဖြင့် သစ်ကိုသုံးရ၍ ယခုလက်ရှိ သစ်စျေးသည် ကြီးမား၍ လိုအပ်ချက်ရှိကြောင့်သိရပါသည်။
“တစ်အိမ်နဲ့တစ်အိမ်လိုအပ်ချက်တော့ မတူဘူး၊ အခုနောက်ပိုင်း အလှူရှင်တွေ နည်းနည်းပါးသွားပြီပေါ့နော် အရင်က ပြိုလဲပျက်စီးခါစ ဆိုတော့ အလှူရှင် တစ်ယောက်ပြီးတစ်ယောက်လာလှူကြတယ်၊ အလှူရှင်နည်းပါးလာတော့ ငြိမ်သွားတယ်ပေါ့နော် ၊ဒါပေ မဲ့လိုအပ်ချက် တော့ရှိသေးတာပေါ့ ၊အခုကတော့ အိမ်ဆောက်ပစ္စည်း အဓိက လုပ်အပ်နေပါတယ် “ဟု၎င်း ကဆက်ပြောသည်။
အင်းလေးဒေသတွင် ရေပေါ်၌ အိမ်များပြန်လည်ဆောက်လုပ်ရာတွင်လည်း ကျွမ်းကျင်လက်သမားများရှားပါးမှုကြောင့် အိမ်များတည်ဆောင်ရန် အချိန် ကြာမြင့်နိုင်သည်။
ထို့ကြောင့် အင်းလေးဒေသတွင် ပျက်စီးသွားသည် အိမ်များအတွက် ဝါးအိမ်အသစ်များအဖြင့် ပြန်လည်တည်ဆောင်နိုင်သော်လည်း ယိုင်လဲ သွားသည့် သစ်အိမ်များကို အသစ်ပြန်လည် မဆောက်နိုင်သေးသည့်အပြင် ဖျက်ဖို့ရန် အခက်အခဲရှိကြောင်းသိရသည်။
#ppv013
#ပြန်လည်ထူထောင်ရေး
#အင်းလေး
#ငလျင်
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။