ခမ်းသားငေါဝ်း
မေလ ၈၊ ၂၀၂၅

https://www.facebook.com/share/p/1AqBbQ2UCY/

ဆောင်းပြောင်းရွာဒေသခံများ နေရပ်ပြန်နေနိုင်ပြီဖြစ်သော်လည်း ရွာပတ်ပတ်လည်တွင် မြေမြုပ်မိုင်းအများအပြားရှိနေပြီး ဒေသခံများ ရွာပြင်ထွက် ခြံမစိုက်ရဲကြကြောင်း မေလ(၈)ရက်နေ့တွင် ဒေသခံတစ်ဦးထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာတွင် တိုက်ပွဲအတော်တန်ကြာ ငြိမ်သက်ပြီဖြစ်၍ ဒေသခံများနေရပ်ပြန်လာနေထိုင်ကြပြီး ရွာပတ်ပတ်လည်တွင် စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့များလာနိုင်သည်ဟုဆိုကာ မြေမြုပ်မိုင်းအများအပြား ထောင်ထားကြောင်း သိရသည်။

“အခုရွာဖက်မှာတော့အခြေနေကောင်းတယ် တောခြံဘက်ကသွားလို့မရ အိမ်မှာပဲနေလို့ရတယ်၊ ရွာပတ်ပတ်လည်မှာမြေမြုပ်မိုင်းတွေရှိတယ် အရင်နှစ်လည်းခြံမသွားရတော့ဘာမှ လုပ်မရ ဒီနှစ်ပါမသွားရရင် ရှေ့ဆက်ဘာနဲ့စားရမလည်း မတွေးတတ်” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ဒေသခံများသည် တိုက်ပွဲများကြောင့် ယခင်နှစ်ကတည်းကပင် သီးနှံမစိုက်ပျိုးရသဖြင့် ယခုချိန်တွင် စားဝတ်နေရေးအတွက် အဆင်မပြေဖြစ်နေကြကြောင်း သိရသည်။

“ပြန်ကြတဲ့လူတွေကရှင်းခိုင်းရင် PDFတွေရွာပြန်ဝင်လာမယ်ပြောပြီး မရှင်းပေးဘူး၊ စားဝတ်နေရေးလည်း အဆင်မပြေကြတာများပါတယ် ခါတိုင်းနှစ်ဆို စပါးကိုတစ်နှစ်စာ ဝယ်လှောင်ထားတာ ဒီနှစ်ဆိုအဲ့လိုမဝယ်နိုင်ကြတော့ဘူး” ဟု၎င်းကဆက်ပြောသည်။

စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ်တပ်သားများသည် ကျေးရွာထဲ တပ်စွဲနေထိုင်ထားသော် လည်း ရွာထဲနေရာအချို့၌ တိုက်ပွဲအတွင်းမပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်များကိုလည်း တာဝွန်ယူ ရှင်းထုတ်ပေးခြင်းမရှိကြောင်း သိရသည်။

#PPV007
#Humanright
#မိုင်း
#ဆောင်းပြောင်း
#ပင်လောင်း

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

You missed