ခမ်းသားငေါဝ်း
မေလ ၈၊ ၂၀၂၅

https://www.facebook.com/share/p/16CuHXAU8s/

သီပေါမြို့နယ်ရှိ အမျိုးသား တစ်ဦးသည် မိုင်းနင်းမိ၍ ညာခြေထောက် ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း တအာင်းတပ်မတော်( TNLA) မှ မေလ ၇ ရက်က ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်၊ ကုန်စုံကျေးရွာတွင်မေလ ၇ ရက်နေ့က အသက် (၃၂)နှစ်အရွယ် အမျိုးသားတစ်ဦး ခလရ(၂၃)တပ်စခန်းဟောင်း ခြံစည်းရိုးဘေးတွင် ထင်းသွားခွေချိန် ၊ ယခင်စစ်ကောင်စီတပ် ထောင်ထားသည့်မိုင်းတစ်လုံး နင်းမိ၍ ညာဘက်ခြေထောက်ပြင်းထန်ဒဏ်ရာရခဲ့ ကြောင်းထုတ်ပြန်ထားသည်။

၎င်းအမျိုးသား အခင်းဖြစ်ပွါးသည့် နေရာကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့တို့က သွားရောက်စစ်ဆေးခဲ့ပြီး လူနာအား ဆေးရုံကုသရန် ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလတွင်လည်း သီပေါမြို့၊ တုံစင်ကျေးရွာတွင် အသက် (၅၀)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ခလရ(၂၃) တပ်စခန်းဟောင်းအတွင်းတွင် ငှက်သွားပစ်ရာမှ မိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံးသွားခဲ့ကြောင့် ရေးသားထားသည်။

#ppv013
#Humanright
#မှိုင်း
#သီပေါ

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။