ခမ်းသားငေါဝ်း
မေ ၇၊ ၂၀၂၅
https://www.facebook.com/share/p/192Xtx2Jee/
ကောလင်းမြို့နယ် ၊ ရှောက်ပင်ခြုံကျေးရွာရှိ လူနေအိမ်အား မေလ ၇ ရက်နေ့ တွင် စစ်ရေးလှုပ်ရှားမှုမရှိဘဲ စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့်လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း Kalwin People Defense Force (KLPDF)ထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ရှောက်ပင်ခြုံကျေးရွာရှိ ပြည်သူနေအိမ်ကို စစ်ကောင်စီတပ်က မေလ (၇) ရက်နေ့မနက် ၁ နာရီ ၅မိနစ်တွင် ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံး(၂)လုံးကြဲချတိုက်ခိုက်ခဲ့ ကြောင်း (KLPDF)ကောလင်းပြည်သူ့ကာကွယ်ရေးတပ်မတော်ကဆိုသည်၊၊
“ ဒီနေ့ ၇ ရက်နေ့ မနက်ခင်း ၁ နာရီ ၅ မိနစ်မှာ ကောလင်းမြို့နယ် ရှောက်ပင်ခြုံကျေးရွာကိုတိုက်ခိုက်သွားတာက ဗုံသီး(၂)လုံးချသွားတယ် အရပ်သားပြည်သူအိမ်တော်တော်လေး ပျက်စီးဆုံးရှုံးသွားတယ်၊ ပြီးတော့ ဘေးနားက ဂိုဒေါင်နဲ့ဆိုတော့ ဂိုဒေါင်ကော အိမ်ကော ပျက်ဆီးသွားတယ် ၊ အရပ်သားပြည်သူ သေဆုံးတဲ့သူကမရှိပါဘူး”ဟု Kalwin People Defense Force (KLPDF) မှခမ်းသားငေါဝ်းကို ပြောသည်။
ထို့ပြင် ၎င်းလုပ်ဆောင်မှု သည် စစ်ရေးလှုပ်ရှားမှု မရှိဘဲ ပြည်သူများ၏ နေအိမ်ကို ပစ်မှတ်ထားပြီး ကြဲခြင်းဖြစ်ကြောင်း သိရပါသည်။
ငလျင်ဒဏ်သင့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်ဟုန်မြင့် ဆောင်ရွက်နိုင်ရန် စစ်ကောင်စီက မေလ ၆ ရက်မှ ၃၁ ရက် အထိ ယာယီအပစ်ရပ်ထားကြောင်း စစ်ကောင်စီက မေလ ၆ ရက်နေ့တွင်ထုတ်ပြန်ထားသော်လည်း အရပ်သားပြည်သူ များကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေဆဲဖြစ်ကြောင်းသိရသည်။
PPV0013
ပုံ-အွန်လိုင်း
#စစ်ကိုင်းတိုင်းဒေသကြီး
#ကောလင်းမြို့နယ်
#ရှောက်ပင်ခြုံကျေးရွာ
#ပြည်သူနေအိမ်
#ဂျက်ဖိုက်တာလေယာဉ်ဖြင့်ဗုံးကြဲချ
#KLPDF
#ကောလင်းပြည်သူ့ကာကွယ်ရေးတပ်မတော်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7