ခမ်းသားငေါဝ်း
မေ ၇၊ ၂၀၂၅
https://www.facebook.com/share/p/16Dbjrw5Ev/
လေပြင်းတိုက်ခတ်မှုကြောင့်နေအိမ်ပျက်စီးသွားသည့် ဟိုပုံးမြို့နယ်တွင်း ကျေးရွာများရှိနေအိမ်များ ပြန်ပြုပြင်ရာတွက် ငွေကြေးအဆင်မပြေသူများအတွက် အခက်အခဲကြုံနေရဆဲဖြစ်ကြောင်း ဒေသခံထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်ကိုယ်ပိုင်းအုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်ရှိ နောင်ဒေး၊ မောက်လွတ်၊ ပါမိုက်ရွာရှိ နေအိမ်စုစုပေါင်း ၅၀ နီးပါး ထိခိုက်ခဲ့ပြီး ယခုချိန်ထိ အိမ်များ ပြန်ပြုပြင်ရန် သစ်၊သွပ် နှင့် သံ စသည့် အိမ်ဆောက်ပစ္စည်းများ စျေးကြီးသဖြင့် မဝယ်နိုင်၍ အခက်အခဲ ဖြစ်နေသေးကြောင်းနောင်ဒေး ဒေသခံတစ်ဦးမှ သိရသည်။
“အခုက ငွေရေးကြေးရေးလည်းအဆင်မပြေကြဘူး၊ တစ်ချို့ဆိုသူများတဲမှာပဲ ခုထိသွားနေရတုန်း၊ အရေးကြီးဆုံးက အိမ်ပြန်ပြင်ဖို့အတွက်ပေ့ါ တစ်ချို့ကခုထိအိမ်ပြန်မပြင်နိုင်ကြသေးတော့လေ ၊ကျွန်တော်တို့လည်းခုထိပြင်နေတုန်းပဲ မပြီးသေးဘူး”ဟု နောင်ဒေးဒေသခံတစ်ဦးမှ ခမ်းသားငေါဝ်းကို ပြောသည်။
၎င်း လေပြင်းတိုက်မှုကြောင့် ပျက်စီးသွားသည့် အိမ်များအတွက် နောင်တောင်ဘုန်းကြီးကျောင်းမှ တစ်ဖွဲ့ ၊ တောင်ကြီး မှ အိမ်ဆောက်ကုမ္ပဏီတစ်ဖွဲ့ လာရောက်ကူညီခဲ့ကြောင့်သိရသည်။
“လာကူညီပေးတဲ့သူတွေကိုလည်း ကျွန်တော်တို့အရမ်းကျေးဇူးတင်တယ်၊ ကျွန်တော်တို့က အိမ်ပြန်ပြင်ဖို့အတွက် အခက်အခဲကအများကြီးရှိသေးတယ် အိမ်ကမပြင်ဘူးဆိုလည်းနေစရာကမရှိ၊ ပြင်ပြန်တော့လည်းအခက်အခဲတွေကရှိပြန်၊ အခုက သစ်တွေသံတွေက ဈေးကြီးတော့ တစ်ချို့က ပြန်မပြင်နိုင်သေးတာလည်းရှိတယ်”ဟု ၎င်းကဆက်ပြောသည်။
ဟိုပုံးမြို့ နောင်ဒေးကျေးရွာမှ နေအိမ် (၂၂)လုံး ထိခိုက်ခဲ့ရာ (၁၀)လုံး ကိုသာ အမိုးအဖီ ပြုပြင်ပြီးကြောင်းသိရသည်။
ထို့ပြင် လက်ရှိကုန်ဈေးနှုန်းများ၏ အဆမတန်မြှင့်တက်မှုများကြောင့် ဒေသခံများ၏ နေအိမ်ပြန်လည်ပြုပြင်ရာတွင် အခက်အခဲများစွာ ကြုံတွေ့နေရသည်။
နဟိုပုံးမြို့နယ်ရှိ နောင်ဒေးရွာတွင်နေအိမ် ၂၂ လုံး၊မောက်လွတ်ရွာတွင် နေအိမ် ၁၅ လုံး၊ ပါမိုက်ရွာတွင် နေအိမ် ၁၀ လုံး၊ စုစုပေါင်း နေအိမ် ၄၇ လုံး ပျက်စီးခဲ့ပြီး နေအိမ်ပြုပြင်ရန် လိုအပ်နေကြောင်း သိရသည်။
PPV0013
ပုံ-အွန်လိုင်း
#ဟိုပုံးမြို့နယ်
#လေပြင်းတိုက်ခတ်မှု
#ကျေးရွာများရှိနေအိမ်များပျက်စီး
#ပြန်လှည်ပြုပြင်ရန်
#ငွေကြေးအဆင်မပြေသူများ
#အခက်အခဲကြုံနေရဆဲ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7